Pages

Thursday, February 14, 2013

ရွှေတိဂုံစေတီတော်တွင် ငွေလဲကောင်တာများ ဖွင့်လှစ်မည်




ရန်ကုန် ၊ ၁၄-၂-၂၀၁၃

နိုင်ငံခြားသား ကမ္ဘာ့လှည့် ခရီးသွားများ အများဆုံး လာရောက်သည့် ရွှေတိဂုံ စေတီတော်၌ ငွေလဲ ကောင်တာ ( Money Exchange ) များ ဖွင့်လှစ်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ငွေလဲ ကောင်တာ ဖွင့်လှစ်နိုင်ရန် အတွက် ကမ္ဘောဇဘဏ် ၊ သမ၀ါယမဘဏ် ( CB Bank) နှင့် ဧရာဝတီဘဏ် တို့မှ ဖွင့်လှစ်ရန် လျှောက်လွှာ တင်ထားကြောင်း ၊ ဗဟိုဘဏ် ၏ ခွင့်ပြုချက် ရရှိပါက ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း ၊ ယင်းဘဏ် များအား ငွေလဲကောင်တာ တစ်နှစ် စမ်းသပ် သည့် အနေဖြင့် လုပ်ငန်း ဆောင်ရွက်ခွင့် ပေးမည် ဖြစ်ကြောင်း သိရသည်။

ရွှေတိဂုံ စေတီတော်တွင် မုခ်လေးခု ရှိသောကြောင့် ဘဏ် ၄ ဘဏ်ကို ဖွင့်ခွင့် ပေးမည် ဖြစ်ကြောင်း ၊ လက်ရှိတွင် အထက်ပါ ဘဏ် ၃ ဘဏ်သာ လျှောက်ထား သေးကြောင်း ၊ ယင်းဘဏ်များကို နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများ အတွက် ၀င်ကြေး ကောက်ခံသည့် နေရာ အနီး ပတ်ဝန်းကျင်တွင် ဖွင့်လှစ်ခွင့် ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment