Pages

Thursday, February 14, 2013

စာရင်းကိုင် သင်တန်းများ အခမဲ့ ဖွင့်လှစ် သင်ကြားမည်


ရန်ကုန် ၊ ၁၄-၂-၂၀၁၃

မြန်မာနိုင်ငံ စာရင်းကိုင်များ အသင်းမှ ဖေဖော်ဝါရီ လအတွင်း (၂၄၇) ကြိမ်မြောက် စာရင်းကိုင် သင်တန်း ၊ (၁၅၅) ကြိမ်မြောက် ဒုတိယ အဆင့် စာရင်းကိုင် ပညာ နှင့် (၇၅) ကြိမ်မြောက် အထက်တန်း စာရင်းကိုင် ပညာ အခမဲ့ သင်တန်း များကို ဖွင့်လှစ် သင်ကြားမည် ဖြစ်ရာ အဆိုပါ သင်တန်း များသို့ အခြေခံ ပညာ အထက်တန်း စာမေးပွဲ အောင်မြင် သူများ စာရင်းသွင်း၍ တက်ရောက် နိုင်ကြောင်း သိရသည်။

(၂၄၇) ကြိမ်မြောက် စာရင်းကိုင် သင်တန်း များကို လုပ်ငန်းခွင် ၀င်ရောက် နေသူများ အဆင်ပြေ စေရန် တနင်္ဂနွေနေ့ တစ်ရက်တက် သင်တန်း နှင့် စနေ ၊ တနင်္ဂနွေ ၂ ရက်တက် သင်တန်း ဟူ၍ စာရင်းကိုင် ပညာ ( မြန်မာ ) နှင့် ( အင်္ဂလိပ် ) ဘာသာ ခွဲခြား ဖွင့်လှစ်မည် ဖြစ်သည်။ သင်တန်း တက်ရောက် လိုသူများ သည် မြန်မာနိုင်ငံ စာရင်းကိုင် များအသင်း အမှတ် (၉၁/ ၉၃) ၊ ၄၉ လမ်း (အလယ်) ဘလောက် ၊ ပုဇွန်တောင် မြို့နယ် ၊ ရန်ကုန်မြို့ ၊ ဖုန်း ၀၁- ၂၉၁ ၈၂၆ ၊ ၀၉- ၅၁၇ ၈၁၈၂ ၊  ၀၉- ၅၄၁ ၀၉၀၉ တို့သို့ ရုံးချိန် အတွင်း ဆက်သွယ် မေးမြန်း စုံစမ်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment