Pages

Wednesday, February 20, 2013

စပစ်ဖိုင်းယား တိုက်လေယာဉ်များ တူးဖော်ပြီးချိန်တွင် မြန်မာပြည်သူများအား လေယာဉ် ပျံသန်းပွဲ ပြုလုပ်ပေးမည်



ရန်ကုန် ၊ ၂၀-၂-၂၀၁၃

ဒုတိယ ကမ္ဘာစစ် အတွင်းက မြန်မာနိုင်ငံ မင်္ဂလာဒုံ မြို့နယ် နှင့် ကချင်ပြည်နယ် တို့၌ ဗြိတိသျှများ မြေအောက်၌ မြှုပ်နှံခဲ့သော စပစ်ဖိုင်းယား စစ်သုံး တိုက်လေယာဉ် များ ပြန်လည် ရှာဖွေ တူးဖော်ခြင်း နှင့် စပ်လျဉ်း၍ စာနယ်ဇင်း ရှင်းလင်းပွဲ ကို ယမန်နေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

စပစ်ဖိုင်းယား တိုက်လေယာဉ် များ ပြန်လည် တူးဖော်ခြင်း လုပ်ငန်းများ အတွက် မြန်မာနိုင်ငံ အစိုးရ နှင့် သဘောတူ စာချုပ် ခွင့်ပြု သက်တမ်း ၂ နှစ် ခွင့်ပြုခဲ့ကြောင်း ၊ ၄င်း ၂ နှစ် အတွင်းတွင် ရှာဖွေ တူးဖော်ခြင်း လုပ်ငန်း ပြီးဆုံးခြင်း မရှိပါက ထပ်မံ၍ သက်တမ်းတိုး တောင်းရန် အစီအစဉ်များ ရှိကြောင်း ၊ သက်တမ်းတိုးပြီး တောင်းခံခြင်း ကို မြန်မာနိုင်ငံ အစိုးရ အနေဖြင့် ထပ်မံ လိုက်လျော ခွင့်ပြုမည်ဟု မိမိတို့ အဖွဲ့က ယုံကြည်ကြောင်း တိုက်လေယာဉ် ပြန်လည် ရှာဖွေ တူးဖော်ခြင်း လုပ်ငန်းမှ သတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် Mr, David Cundall က ရှင်းပြကြောင်း သိရသည်။



မြန်မာနိုင်ငံ မင်္ဂလာဒုံ နှင့် ကချင်ပြည်နယ် တို့ကို အဖွဲ့များ ခွဲပြီး ကွင်းဆင်း လေ့လာမှု လုပ်ငန်းများကို ပဏာမ ဆောင်ရွက် ခြင်းမှာ ဇန်န၀ါရီ ၉ ရက်နေ့က ဖြစ်နိုင်ချေ ရှိသော မြေပြင် အနေအထား အပေါ်တွင် ထွင်းဖောက် ကြည့်ခြင်း လုပ်ငန်း နှင့် ဘူမိ ကျွမ်းကျင် ပညာရှင်များ သုံးသပ်မှု အရ စပစ်ဖိုင်းယား တိုက်လေယာဉ်များ ရှိနိုင်ချေ ရှိကြောင်း ၊ မြန်မာနိုင်ငံမှ ကျွမ်းကျင် ဘူမိဗေဒ ပညာရှင် ပါမေက္ခ ဆရာ ဦးမြတ်ခင် ၏ လေ့လာ သုံးသပ်မှု အရ သိရသည်။ ယနေ့ ပြန်လည် ရှာဖွေ တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက် ရာတွင် မြေပြင် ပျက်စီးမှု နှင့် ပတ်သက်၍ ပြန်လည် ပြုပြင် ပေးရမည့် အစီအစဉ် များကို မြန်မာ အစိုးရ နှင့် စာချုပ် ကတိအတိုင်း ပြန်လည် ဆောင်ရွက် ပေးမှာ ဖြစ်ကြောင်း ၊ ယခု ကွင်းဆင်း လေ့လာမှု အခြေအနေကို မတ်လ ပထမပတ် တွင် တိကျသည့် အဖြေ တစ်ခုကို သတင်း ထုတ်ပြန်ပေးမှာ ဖြစ်ကြောင်း ၊ မိမိတို့ တူးဖော်ရေး လုပ်ငန်းတွင် အဓိက ပါဝင် ဆောင်ရွက်မည့် နိုင်ငံခြား ပညာရှင် ၂ ဦး ယခုလကုန် တွင် ရောက်မည် ဖြစ်၍ တိကျသည့် အဖြေများကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန် ပေးရန် အစီအစဉ်များ ရှိကြောင်း Mr, David Cundall က ရှင်းလင်း ပြောကြား ခဲ့သည်။

စပစ်ဖိုင်းယား တိုက်လေယာဉ် များ  တူးဖော် အောင်မြင်မှု ရရှိချိန်တွင် မြန်မာ နိုင်ငံတွင် ဦးစွာ ပျံသန်းပွဲ တစ်ခုကို မြန်မာ ပြည်သူများ စိတ်ဝင်တစား ကြည့်ရှုခွင့် ရအောင် ဆောင်ရွက်မှု အစီအစဉ် များ ရှိကြောင်း နှင့် ပျံသန်းနိုင်ရန် ပြန်လည် ပြုပြင်မှုများကို အချိန်ယူ ပြင်ဆင် ပေးရမည် ဖြစ်ကြောင်း ရှင်းလင်းမှု များအရ သိရှိရသည်။








No comments:

Post a Comment