Pages

Wednesday, February 20, 2013

စစ်လက်နက်ရောင်းချသည့် ထိပ်တန်း ကုမ္ပဏီ ၁၀၀ ခု၏ စစ်လက်နက် ရောင်းချရမှုမှာ ၂၀၁၁ ခုနှစ်တွင် ကျဆင်းခဲ့



၂၀-၂-၂၀၁၃

အီရတ် နှင့် အာဖဂန် နစ္စတန် နိုင်ငံရှိ စစ်ဆင်ရေး များအား လျော့ချ လာခဲ့ရာ စစ်လက်နက် ၀ယ်ယူမှု များမှာလည်း လျော့ကျ လာခဲ့သည့် အတွက်ကြောင့် စစ်လက်နက် ရောင်းချသည့် ထိပ်တန်း ကုမ္ပဏီ ၁၀၀ ခု၏ စစ်လက်နက် ရောင်းချ ရမှု မှာလည်း ၁၉၉၀ ပြည့် လွန်နှစ် များကတည်းက စ၍ ပထမဆုံး အကြိမ် အဖြစ် ၂၀၁၁ ခုနှစ်တွင် ရောင်းချရမှု ပမာဏ ကျဆင်း ခဲ့ကြောင်း နိုင်ငံတကာ လုံခြုံရေး ၊ စစ်လက်နက် နှင့် စစ်လက်နက် ဖျက်သိမ်းမှု ဆိုင်ရာ သီးခြား သုတေသန အဖွဲ့ ဖြစ်သည့် စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး ဆိုင်ရာ သုတေသန အဖွဲ့ SIPRI က ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ကြေညာချက် တစ်စောင် ထုတ်ပြန် ခဲ့သည်။

၂၀၁၀ ခုနှစ်တွင် အဆိုပါ ကုမ္ပဏီ များ၏ စစ်လက်နက် ပစ္စည်း ရောင်းချမှုသည် အမေရိကန် ဒေါ်လာ ၄၁၁ ဘီလီယံ ( စတာလင် ပေါင် ၂၆၅ ဘီလီယံ ) ရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၄၁၀ ဘီလီယံ ( စတာလင် ပေါင် ၂၆၄ ဘီလီယံ ) သို့ ကျဆင်းခဲ့ကြောင်း အဆိုပါ ကြေညာချက် တွင် ထပ်လောင်း ဖော်ပြ ထားသည်။ အဆိုပါ အဖွဲ့ အနေဖြင့် ၁၉၈၉ ခုနှစ်မှ စတင်၍ ၄င်းစစ်လက်နက် ရောင်းချမှု ဆိုင်ရာ အချက်အလက် များကို ပြုစုထားကြောင်း ၊ သို့ရာတွင် တရုတ်နိုင်ငံ အခြေစိုက် ကုမ္ပဏီ များ၏ ရောင်းချရမှု ဆိုင်ရာ အချက်အလက် များ မရရှိ သဖြင့် အဆိုပါ စာရင်းတွင် တရုတ်နိုင်ငံ အခြေစိုက် ကုမ္ပဏီ များ၏ ရောင်းချရမှု ပမာဏ ပါဝင်ခြင်း မရှိကြောင်း သိရသည်။

စစ်လက်နက် ပစ္စည်းများ ရောင်းအား ကျဆင်း လာခြင်း၏ အဓိက အကြောင်းတရားမှာ အီရတ် နှင့် အဖဂန် နစ္စတန် မှ နိုင်ငံတကာ တပ်ဖွဲ့ဝင်များ  ပြန်လည် ရုပ်သိမ်းခြင်း နှင့် လစ်ဗျား နိုင်ငံသို့ စစ်လက်နက် ပစ္စည်းများ မရောင်းချရန် ပိတ်ပင် ထားမှုများကြောင့် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment