Pages

Friday, February 1, 2013

ယာဉ်လိုင်းများ၏ အမည်ပါရှိသော ဂိတ်လမ်းညွှန် ဆိုင်းဘုတ် ၁၀ ခု စိုက်ထူ တပ်ဆင်


ရန်ကုန် ၊ ၁-၂-၂၀၁၃

ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ အခွန်ဌာန ၊ မင်္ဂလာဒုံ မြို့နယ် အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ် နားစခန်း တာဝန်ခံ အရာရှိ ဒုတိယ ဌာနမှူး ဦးဉာဏ်ထွန်းအောင် ၏ ညွှန်ကြားမှု ဖြင့် စခန်း အတွင်း ခရီးသွား ပြည်သူများသည် မိမိတို့ သွားလိုသည့် တိုင်းဒေသကြီး နှင့် ပြည်နယ် များ၏ ကားလက်မှတ် များအား အလွယ်တကူ ၀ယ်ယူ နိုင်ပြီး အဆင်ပြေ စေရန် အတွက် ယာဉ်လိုင်း များ၏ အမည် ပါရှိသော ဂိတ်လမ်းညွှန် ( ၈ ပေ x ၄ ပေ  ဆိုင်းဘုတ် ၁၀ ခု ကို လမ်းအလိုက် စိုက်ထူ တပ်ဆင် ပေးခဲ့ရာ ခရီးသွား ပြည်သူများ သွားလိုသည့် ဂိတ်များကို လွယ်ကူစွာ သိရှိနိုင်မှု ကြောင့် ခရီးသွား များအတွက် များစွာ အထောက်အကူ ဖြစ်စေကြောင်း သိရသည်။

ဇန်န၀ါရီလ တတိယပတ် မှစ၍ အနယ်နယ် အရပ်ရပ်မှ ၀င်ထွက် သွားလာလျက် ရှိသော ခရီးသွား ပြည်သူများ လူခေါ် ပွဲစားများ၏ အနှောင့်အယှက် မှ ကင်းဝေး စေရေး ၊ မိမိတို့ သွားလိုရာ ယာဉ်လိုင်း ဂိတ်များ လွယ်ကူစွာ ရှာဖွေ တွေ့ရှိစေရေး ၊ ခရီးသွား ပြည်သူများ အဆင်ပြေ စေရေး တို့အတွက် ယာဉ်လိုင်း ဂိတ်လမ်းညွှန် များကို သတ်မှတ် နေရာများတွင် နေ့စဉ် ပေးဝေလျက် ရှိပြီး ယာဉ်လိုင်း များမှ ပြောင်းလဲမှု များ ရှိပါက ပြုပြင် ဝေငှ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment