Pages

Monday, February 4, 2013

တက္ကသိုလ်ဝင် စာမေးပွဲ လိုက်နာရန် စည်းကမ်းများ ထပ်ဆင့်ရှင်းလင်း



မြစ်ကြီးနား ၄-၂-၂၀၁၃

၂၀၁၂ -၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ကြီးကြပ် ရေးမှူးများ ၊ လက်ထောက် ကြီးကြပ် ရေးမှူးများ နှင့် စာဖြေသူများ လိုက်နာရန် စည်းမျဉ်း စည်းကမ်းများ ထပ်ဆင့် ရှင်းလင်းပွဲ အခမ်းအနား ကို ဖေဖော်ဝါရီ ၂ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း ရှိ အေးမြသီတာ ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်နယ် ပညာရေး ညွှန်ကြား ရေးမှူးရုံးမှ လက်ထောက် ညွှန်ကြား ရေးမှူး နှင့် ခရိုင် / မြို့နယ် ပညာရေးမှူး များ ၊ အခြေခံ ပညာ အထက်တန်း ၊ အလယ်တန်း နှင့် မူလတန်း လွန်ကျောင်းများမှ ကျောင်းအုပ် ကြီးများ ၊ ဆရာ - ဆရာမ များ တက်ရောက် ကြကြောင်း သိရသည်။

အခမ်းအနား တွင် ပညာရေး ညွှန်ကြားရေးမှူး မှ လက်ထောက် ညွှန်ကြားရေးမှူး က အဖွင့်အမှာ စကား ပြောကြား ခဲ့ပြီး နန်ပေါင် အခြေခံ ပညာ အထက်တန်း ကျောင်းအုပ်ကြီး နှင့် မြို့နယ် ပညာရေးမှူး တို့က စားမေးပွဲ ကြီးကြပ်ရေး မှူးများ လက်ထောက် ကြီးကြပ်ရေးမှူး များနှင့် စာဖြေသူများ လိုက်နာရန် စည်းမျဉ်း စည်းကမ်း များနှင့် ပတ်သက် သည်များကို ရှင်းလင်း ပြောကြား ခဲ့ပြီး ထပ်ဆင့် ရှင်းလင်း ဆွေးနွေးပွဲကို ရုပ်သိမ်း ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment