Pages

Monday, February 4, 2013

ဇီဝိတဒါန တိုင်းရင်းဆေးများ လှူဒါန်း



လားရှိုး ၊ ၄-၂-၂၀၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ ၊ အရှေ့ ခါးရိုး ပရိယတ္တိ စာသင်တိုက် ကြီး၏ ဦးစီး ပဓာန နာယက ဆရာတော် ဘန္ဒတ သုဇာတ နှင့် ဒါကာ ၊ ဒါကာမများ စုပေါင်း လှူဒါန်းသော ၅ နှစ်ပြည့် ရေစက်ချ အလှူတော် နှင့် ဓမ္မပူဇာ သဘင်ကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ရာ အနယ်နယ် အရပ်ရပ် မှ လာရောက် ကြသော စေတနာ အလှူရှင် များနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော် များအား ဇီဝိတဒါန တိုင်းရင်းဆေး များဖြင့် ကုသခြင်း ၊ ဝေငှလှူဒါန်း ခြင်းများ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဇီဝိတဒါန တိုင်းရင်းဆေး များဖြင့်  ကုသခြင်း ၊ ဝေငှခြင်း များကို ရှမ်းပြည်နယ် (မြောက်ပိုင်း) တိုင်းရင်းဆေး ဆရာအသင်း ဥက္ကဋ္ဌ ဦးသိန်းလှိုင် ၊ အေးရိပ် ချမ်းသာ အထူးကု တိုင်းရင်း ဆေးခန်းမှ ဆေးများကို လှူဒါန်း ခဲ့ပြီး ခရိုင် / မြို့နယ် တိုင်းရင်းဆေးကု ဌာနမှ ၀န်ထမ်းများက ပါဝင် ကူညီ ဆောင်ရွက် ခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment