Pages

Tuesday, February 19, 2013

ထိုင်းအစိုးရ အဖွဲ့သည် တောင်ပိုင်းစွန်းဒေသတွင် အရေးပေါ် အမိန့်ဒီဂရီကို ပြည်တွင်းလုံခြုံရေးအက်ဥပဒေဖြင့် အစားထိုးရန် သဘောတူညီခဲ့ခြင်း


၁၉-၂-၂၀၁၃

ထိုင်းလုံခြုံရေး အေဂျင်စီ များသည် အစိုးရအဖွဲ့ အနေဖြင့် တောင်ပိုင်းစွန်း ဒေသတွင် အုပ်ချုပ်မှု လွယ်ကူ စေရေး အတွက် ပြဋ္ဌာန်း ထားသော အရေးပေါ် အမိန့်ဒီဂရီ ကို ပြည်တွင်း လုံခြုံရေး အက်ဥပဒေ ( ISA ) ဖြင့် အစားထိုးရန် ဆုံးဖြတ် ခဲ့ကြောင်း ပြည်တွင်း လုံခြုံရေး ကောင်စီ အတွင်းရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ပရာဒွန် ပတ္တနာ သာဘူတာ က ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ၀န်ကြီးချုပ် ယင်လပ် ဦးဆောင်သော လုံခြုံရေး အေဂျင်စီ များ အစည်းအဝေး တစ်ရပ် ပြုလုပ် ပြီးနောက် ထုတ်ပြန် ကြေညာ ခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်း တစ်ပုဒ်အရ သိရသည်။

လက်ရှိ အချိန်တွင် ပတ္တနီ ၊ ယာလာ နှင့် နာရာသီဝပ် ပြည်နယ် များရှိ ခရိုင် အများစုတွင် ပြဋ္ဌာန်း ထားသော အရေးပေါ် အမိန့်ဒီဂရီ ကို ISA ပါ ပုဒ်မ ၂၁ ဖြင့် အစားထိုး ပြဋ္ဌာန်းရေး အဆိုပြု ခဲ့ကြောင်း ၊ အဆိုပါ ပုဒ်မ ၂၁ ရ အကြမ်းဖက် သမားများ အနေဖြင့် အာဏာပိုင် များထံသို့ ဘက်ပြောင်း ခိုလှုံရာတွင် လွယ်ကူ စေမည် ဖြစ်ကြောင်း နှင့် အဆိုပါ အဆိုပြုချက်ကို ၀န်ကြီးချုပ် ယင်လပ် က သဘောတူ ခဲ့ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ပရာဒွန် က ပြောကြား ခဲ့သည်။

အဆိုပါ တောင်ပိုင်းစွန်းပြည်နယ် ၃ ခုမှ အုပ်ချုပ် ရေးမှူးများ ၊ ပြည်ထဲရေး ၀န်ကြီးဌာန နှင့် တောင်ပိုင်း နယ်စပ် ပြည်နယ်များ ဆိုင်ရာ အုပ်ချုပ်ရေး ဌာနတို့သည် တောင်ပိုင်းစွန်း ဒေသ အခြေအနေ နှင့် ပတ်သက်၍ အကဲဖြတ် သွားမည် ဖြစ်ပြီး အရေးပေါ် အမိန့် ဒီဂရီ ကို ISA ဖြင့် အစားထိုး ပြဋ္ဌာန်းသင့်သည့် ဒေသများအား အကြံပြု သွားမည် ဖြစ်ကြောင်း နှင့် လုံခြုံရေး အေဂျင်စီ များက ၄င်းတို့၏ အကြံပြုချက် များအပေါ် အခြေခံပြီး ဆုံးဖြတ်ချက် ချမှတ် သွားမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်ဟု သိရှိရသည်။

No comments:

Post a Comment