Pages

Saturday, February 2, 2013

မြန်မာ့ ရွှေချည်ထိုး ပန်းချီကားများ ဂျပန်နိုင်ငံမှ ဈေးကွက်ဝင်



ရန်ကုန် ၊ ၂-၂-၂၀၁၃

မြန်မာ့ အနုပညာ ပစ္စည်းများ အနက် မြန်မာ့ ရွှေချည်ထိုး ပန်းချီကား များကို ဂျပန်နိုင်ငံ မှ အများဆုံး ၀ယ်ယူလျက် ရှိကြောင်း သိရသည်။ ရွှေချည်ထိုး ပန်းချီကား များအနက် ဗုဒ္ဓ မြတ်စွာ ဘုရား ပုံတော် ၊ ကိန္နရီ ကိန္နရာ ရုပ်ပုံ ၊ သဘာဝ မြန်မာ့ အလှ ရှုခင်းပုံ ၊ ဆင်ရုပ်ပုံ ၊ တိုင်းရင်းသား အမျိုးသမီး ၊ အမျိုးသမီးပုံ များ  ပုံဖော် ထားသည့် ပန်းချီကား များကို ဂျပန်လူမျိုး များ ပိုမို ၀ယ်ယူ နေကြကြောင်း ဗိုလ်ချုပ်ဈေးရှိ မြန်မာ့ လက်မှု အနုပညာ ပစ္စည်း အရောင်းဆိုင် မှ သိရသည်။

အဆိုပါ မြန်မာ့ ရွှေချည်ထိုး ပန်းချီကား များတွင် ရုပ်ပုံ မျိုးစုံ ၊ အရောင် မျိုးစုံ ၊ ဒီဇိုင်း မျိုးစုံ စသည်ဖြင့် အမျိုးမျိုး ပုံဖော် ထားကြပြီး မြန်မာ့ လက်မှု အနုပညာ လက်ရာ ပစ္စည်း များအနက် ယင်း ပန်းချီ ကားများကို နိုင်ငံခြားသား အများစုက စိတ်ဝင်တစာ ၀ယ်ယူလျက် ရှိကြောင်း သိရသည်။ ယင်း ဂျပန် လူမျိုး တို့က အဆိုပါ ပန်းချီကား များကို နေအိမ် ဧည့်ခန်းများ ၊ ဆိုင်ခန်းများ ၊ ပြခန်း များနှင့် အိမ်ခန်းများ တွင် အမြတ်တနိုး ချိတ်ဆွဲရန် အတွက် နှစ်သက်စွာ ၀ယ်ယူ ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment