Pages

Saturday, February 2, 2013

ကမ်းရိုးတန်း အထူးအမြန်ရေယာဉ် ပြေးဆွဲမည်


ရန်ကုန် ၊ ၂-၂-၂၀၁၃

Jade Flower ကုမ္ပဏီမှ ရန်ကုန် - မြိတ် ရေကြောင်းလိုင်း ခရီးစဉ် ပြေးဆွဲခြင်းကို Fortune Express ကမ်းရိုးတန်း အထူး အမြန်ရေယာဉ် ဖြင့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ရန်ကုန်မြို့ ၊ ဗိုလ်တထောင် ဆိပ်ကမ်းမှ စတင် ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ကုန် - မြိတ် ခရီးစဉ်ကို Tortune Express 727, 77, 27, 7 စသည့် သင်္ဘော ၅ စီးဖြင့် လေးရက်လျှင် တစ်ကြိမ် ပြေးဆွဲ သွားမည် ဖြစ်သည်။ fortune Express ရေယာဉ် များသည် မလေးရှား နိုင်ငံလုပ် ရေယာဉ်များ ဖြစ်ပြီး Mitsubishi ( 2250 HP ) အင်ဂျင် နှစ်လုံး တပ်ဆင် ထားကာ ကိုယ်ထည်အား အလူမီနီယံ ဖြင့် ပြုလုပ် ထားကြောင်း သိရသည်။ ခရီးသည် ၃၅၀ ဦး တင်ဆောင် နိုင်ပြီး ရန်ကုန် - မြိတ် ခရီးစဉ်အား ၁၀ နာရီခန့် ဖြင့် သက်တောင့် သက်သာ သွားလာ နိုင်မည် ဖြစ်သည်။ 

ယာဉ်ပေါ်ပါ ခရီးသွား ပြည်သူများ အတွက် နံနက်စာ အဖြစ် ကော်ဖီနှင့် မုန့် ၊ နေ့လယ်စာ ထမင်းနှင့် ညနေပိုင်း အတွက် အအေး တို့ဖြင့် ဧည့်ခံ ကျွေးမွေး သွားမည် ဖြစ်ကြောင်း သိရသည်။ လက်မှတ်ခ နှုန်းထားမှာ ကျပ် လေးသောင်း ဖြစ်ပြီး မကြာမီ ကာလအတွင်း ရန်ကုန် - ထားဝယ် ခရီးစဉ် နှင့် ရန်ကုန် - ကော့သောင်း ခရီးစဉ် တို့အား တိုးချဲ့ ပြေးဆွဲ သွားမည် ဖြစ်သည်။ လက်မှတ်များ ၀ယ်ယူ လိုပါက အမှတ်(၃၀) ၊ နွယ်နီလမ်း ၊ အလုံမြို့နယ် ၊ ရန်ကုန်မြို့ ဖုန်း ၀၁- ၂၃၀၀ ၂၀၆ ၊ ၀၉- ၅၀၀၉ ၁၄၇ နှင့် အမှတ်(၁၀၄) ၊ ၃၇ လမ်း (အောက် ဘလောက်) ၊ ကျောက်တံတား မြို့နယ် ၊ ရန်ကုန်မြို့ ၊ ဖုန်း ၀၁- ၃၉၀ ၃၀၃ ၊ ၀၁- ၃၇၇ ၆၉၇ နှင့် ၀၁- ၂၅၀ ၉၀၉ တို့သို့ ဆက်သွယ် စုံစမ်း ၀ယ်ယူ ရရှိနိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment