Pages

Thursday, February 7, 2013

လူသားမျိုးနွယ်စု၏ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ် ရှာဖွေဖော်ထုတ်ရေး ဆောင်ရွက်


ရန်ကုန် ၊ ၇-၂-၂၀၁၃

ဧရာဝတီ ကျောက်စုလွှာတွင် လူသား မျိုးနွယ် ပရိုင်းမိတ် ရုပ်ကြွင်း များကို ရှာဖွေ ဖော်ထုတ်၍ လူသားမျိုးနွယ်၏ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်ကို လေ့လာ ဖော်ထုတ်ရန် နှင့် နို့တိုက် သတ္တ၀ါ ကျောက်ဖြစ် ရုပ်ကြွင်း များကို ရှာဖွေ သုတေသန ပြုလုပ်၍ အတိတ် သဘာဝ ပတ်ဝန်းကျင် ပရိုင်းမိတ်များ အပါအ၀င် နို့တိုက် သတ္တ၀ါ တို့၏ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ် ၊ ရွှေ့ပြောင်း နေထိုင် သွားလာမှု အခြေအနေ များ သုတေသန ပြုလုပ်ရန် မြန်မာ ၊ ဂျပန် ပညာရှင်များ အဖွဲ့သည် ဇန်န၀ါရီ နောက်ဆုံး ပတ်တွင် ရန်ကုန်မှ ပခုက္ကူ ဒေသသို့ ရောက်ရှိ နေကြောင်း သိရသည်။

ဂျပန်နိုင်ငံ ကျိုတို တက္ကသိုလ် ၊ ကျောက်ဖြစ် ရုပ်ကြွင်း သုတေသန ဌာနမှ ပညာရှင် ပါမောက္ခ တစ်ဦးသည် မြန်မာနိုင်ငံမှ ရှေးဟောင်း သုတေသန ဌာနနှင့် ဘူမိဗေဒ ဌာနမှ ပညာရှင်များ ပါဝင်သော အဖွဲ့နှင့် အတူ  Paleontological Research at the Ayeyarwady Sedments in Central Myanmar ခေါင်းစဉ်ဖြင့် ဆိပ်ဖြူ ၊ ပခုက္ကူ ၊ ပေါက် ဒေသများတွင် ဖေဖော်ဝါရီ တတိယပတ် အထိ သုတေသန လုပ်ငန်းများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment