Pages

Thursday, February 7, 2013

ဖားကန့်ဒေသရှိ ခေတ္တပြောင်းရွှေ့ မိသားစုများအတွက် ကယ်ဆယ်ရေး ပစ္စည်းများ ပို့ဆောင်



မြစ်ကြီးနား ၊ ၇-၂-၂၀၁၃

ကချင်ပြည်နယ် ၊ ဖားကန့် မြို့နယ်ခွဲ အတွင်း နယ်မြေ လုံခြုံရေး အရ ခေတ္တ ပြောင်းရွှေ့ ရောက်ရှိနေသော မိသားစုများ အတွက် ကယ်ဆယ်ရေး ပစ္စည်း များကို ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၉ နာရီက မြစ်ကြီးနား မြို့မှ မော်တော်ယာဉ် ၃ စီးဖြင့် တင်ဆောင်ကာ ဖားကန့် မြို့သို့ စတင် ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။

ထောက်ပံ့ ကယ်ဆယ်ရေး ပစ္စည်းများ ပို့ဆောင် ရာတွင် ပြည်နယ် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ ဦးစီးမှူး - ဒုတိယတန်း ဦးချစ်ဖေ ဦးဆောင်သော ကြက်ခြေနီ တပ်ဖွဲ့ဝင် များက လိုက်ပါကာ ကချင်ပြည်နယ် ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချ ထားရေး ဦးစီးဌာနက မိသားစု ပစ္စည်း (၈)မျိုးပါ ပစ္စည်းထုတ် အိမ်ထောင်စု ၉၇၁ စုအတွက် ၉၇၁ ထုတ် ၊ ပြည်နယ် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့မှ အိမ်ထောင်စု ၅၀၃ စုအတွက် မီးဖိုချောင် သုံးပစ္စည်း ၅၀၃ စုံ နှင့် မိသားစု သုံးပစ္စည်း ၅၀၃ ထုတ် တို့ ပါဝင်ကြောင်း သိရှိရသည်။

No comments:

Post a Comment