Pages

Wednesday, January 30, 2013

လော့ခ်ဟိဒ်မာတင် ကုမ္ပဏီသည် ထိုင်းရေတပ် အတွက် ကမ်းရိုးတန်းသွား တိုက်ခိုက်ရေး သင်္ဘော Littoral-combat ship (LCS) ကို ရောင်းချပေးရန် စဉ်စားလျက် ရှိခြင်း



Littoral-combat ship (LCS)
၃၀-၁-၂၀၁၃

လော့ခ်ဟိဒ်မာတင် ကုမ္ပဏီသည် ထိုင်းရေတပ် မှ ဖရီးဂိတ် သင်္ဘောများ ၀ယ်ယူရေး ကမ်းလှမ်းချက် အား တုံ့ပြန်သည့် အနေဖြင့် ၄င်း၏ ကမ်းရိုးတန်း သွား တိုက်ခိုက်ရေး သင်္ဘော LCS ကို ရောင်းချ ပေးရေး စဉ်စားလျက် ရှိကြောင်း အတည်ပြု ပြောကြား ခဲ့သည်ဟု ဇန်န၀ါရီလ ၂၉ ရက်နေ့ Newsnow သတင်းတစ်ပုဒ် အရ သိရသည်။

လာမည့် နှစ်များတွင် ဖရီးဂိတ် စစ်သင်္ဘော ၂ စီး ၀ယ်ယူရေး အတွက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ သုံးစွဲသွားရန် ၂၀၁၂ ခုနှစ် စက်တင်ဘာ လအတွင်း ထိုင်းအစိုးရက အတည်ပြု ပေးခဲ့သည်။ ဘဏ္ဍာရေး အခက်အခဲ များကြောင့် ထိုင်းရေတပ် အတွက် စစ်သင်္ဘော လိုအပ်ချက် များမှာ ဆယ်ဆုနှစ် တစ်စုကျော်ကြာ နှောင့်နှေး ခဲ့ရသည်။ ထိုင်းရေတပ် ၏ တိုက်ခိုက်ရေး စွမ်းရည် များအား တိုးမြှင့်ရန် လိုအပ်ခြင်း နှင့် စီးပွားရေး လုပ်ငန်းများ တိုးတက် လာခြင်း တို့ကြောင့် အစိုးရမှ ထိုကဲ့သို့ အတည်ပြု ပံ့ပိုး ထောက်ခံ ပေးခဲ့ခြင်း ဖြစ်သည်။

လော့ခ်ဟိဒ်မာတင် ကုမ္ပဏီ အနေဖြင့် ထိုင်းရေတပ် ၏ ဖရီးဂိတ် စစ်သင်္ဘော ၀ယ်ယူရေး ကမ်းလှမ်းချက် အတွက် တောင်ကိုရီးယား နှင့် ဂျာမဏီ နိုင်ငံတို့မှ ကုမ္ပဏီ များနှင့် ယှဉ်ပြိုင် ရဖွယ် ရှိကြောင်း နှင့်Daewoo သင်္ဘော တည်ဆောက်ရေး နှင့် မရိန်း အင်ဂျင်နီယား ကုမ္ပဏီ မှ DW 3000 H ဖရီးဂိတ် စစ်သင်္ဘော နှင့် ဂျာမဏီ နိုင်ငံ၏ Thyssen Krupp Marine System ကုမ္ပဏီမှ MEKO D 500 စစ်သင်္ဘောများ ပါဝင်ကြောင်း သိရှိရသည်။


DW 3000 H


MEKO D 500

No comments:

Post a Comment