Pages

▼

Saturday, January 26, 2013

မြစ်ကြီးနား - ဗန်းမော် လမ်းကြောင်းပေါ်ရှိ တပ်စခန်း တစ်ခုအား KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က ၀င်ရောက်တိုက်ခိုက်



နေပြည်တော် ၊ ၂၅-၁-၂၀၁၃

KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့သည် ကချင်ပြည်နယ် အတွင်းလမ်းပန်း ဆက်သွယ်မှု ခက်ခဲ၍ တည်ငြိမ် အေးချမ်းမှု ပျက်ပြား စေရန်အတွက် အရှိန်မြှင့် အကြမ်းဖက် တိုက်ခိုက်လျက် ရှိရာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၃ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က မြစ်ကြီးနား - ဗန်းမော် မော်တော်ကား လမ်းပေါ်ရှိ ကန်တော်ယန် ကျေးရွား အနီးတွင် လုံခြုံရေး တာဝန် ထမ်းဆောင်လျက် ရှိသည့် တပ်မတော် စစ်ကြောင်း တစ်ခုအား KIA လက်နက်ကိုင် အကြမ်းဖက် သောင်း ကျန်းသူ အင်အား ၅၀ ဦးခန့်က လက်နက်ကြီး လက်နက်ငယ် များဖြင့် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်မတော် စစ်ကြောင်းမှ ပြန်လည် ပစ်ခတ် ခဲ့ရာ မွန်းလွဲ ၁ နာရီ ၄၅ မိန်စတွင် အရှေ့ဘက်သို့ ဆုတ်ခွာ ထွက်ပြေး သွားခဲ့သည်။

အလားတူပင် ဇန်န၀ါရီ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနား - ဗန်းမော် ကားလမ်း လဂျားယန် စခန်း အနီး အုပ်ချုပ်မှု ကိစ္စ ဆောင်ရွက် နေသည့် တပ်မတော် စစ်ကြောင်း တစ်ခုအား KIA အင်အား ၁၀၀ ဦးခန့်က လက်နက်ကြီး ၊ လက်နက်ငယ် များဖြင့် ၀ိုင်းဝန်း တိုက်ခိုက် ခဲ့သဖြင့် ပြင်းထန်စွာ တိုက်ပွဲ ဖြစ် ပွားပြီး ညနေ ၅ နာရီခွဲတွင် KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများ အကျအဆုံး များစွာဖြင့် ပြန်လည် ဆုတ်ခွာ သွားခဲ့သည်။ ဖြစ်စဉ်တွင် မိမိစစ်သည် ၅ ဦး ဒဏ်ရာရရှိပြီး KIA အလောင်း ၂၅ လောင်း ၊ လက်နက်မျိုးစုံ ၂၂ လက် သိမ်းဆည်း ရရှိခဲ့သည်။

KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ များအနေဖြင့် (၃/၂၀၁၃) ထုတ်ပြန် ကြေညာ ပြီးသည့် နောက်ပိုင်း အပြစ်မဲ့ ပြည်သူများ အပါအ၀င် လုံခြုံရေး တပ်ဖွဲ့ဝင်များအား အဆက်မပြတ် တိုက်ခိုက် နေသော်လည်း ဒေသခံ ပြည်သူ လူထု ၊ တပ်မတော် နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၀င်များ၏ ပူးပေါင်း ကာကွယ်မှုဖြင့် ၄င်းတို့၏ အကြမ်းဖက် လုပ်ရပ်တိုင်းအား တားဆီးလျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment