Pages

Wednesday, January 2, 2013

မန္တလေးတက္ကသိုလ် (၄၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် (DTSM) ခရီးသွား လုပ်ငန်းပညာ နှင့် စီမံခန့်ခွဲမှု ဆိုင်ရာ ဒီပလိုမာဘွဲ့ အပ်နှင်းမည်

မန္တလေးတက္ကသိုလ် (၄၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် (DTSM) ခရီးသွား လုပ်ငန်းပညာ နှင့် စီမံခန့်ခွဲမှု ဆိုင်ရာ ဒီပလိုမာဘွဲ့ အပ်နှင်းမည် ဇန်န၀ါရီ(၂)ရက်နေ့ မန္တလေးတက္ကသိုလ် (၄၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီတွင် မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမကြီး၌ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဘွဲ့နှင်းသဘင် အခမ်းအနားတွင် မန္တလေးတက္ကသိုလ် က ကျင်းပခဲ့သည့် Ph.D ပါရဂူဘွဲ့၊ M.Res မဟာဝိဇ္ဇာဘွဲ့၊ M.Sc မဟာသိပံ္ပဘွဲ့၊ LLM မဟာဥပဒေဘွဲ့၊ Dip.E.L.T အင်္ဂလိပ်စာ သင်ကြားရေး ဒီပလိုမာဘွဲ့နှင့် DBL စီးပွားရေး ဥပဒေ ဒီပလိုမာဘွဲ့၊ (၁၀/၂၀၁၁) စာမေးပွဲ များကို ဖြေဆို အောင်မြင်ခဲ့ကြ ပြီးသူများ အပြင်၊ Diploma in Tourism Studies and Management (DTSM) ခရီးသွား လုပ်ငန်း ပညာနှင့် စီမံခန့်ခွဲမှု ဆိုင်ရာ ဒီပလိုမာဘွဲ့ (၁/၂၀၁၂) စာမေးပွဲ ဖြေဆို အောင်မြင် ပြီးသူများကိုပါ ထည့်သွင်း၍ ဘွဲ့နှင်းသဘင် အခမ်းအနားသို့ တက်ရောက် ဘွဲ့ယူရန် လျှောက်ထား ကြသူများကို တို့အား ဘွဲ့၊ ဒီပလိုမာဘွဲ့ အသီးသီးကို အပ်နှင်း ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment