ဆေးဝါးတက္ကသိုလ် မန္တလေး ဘွဲ့နှင်းသဘင် ကျင်းပမည်
ဇန်န၀ါရီ(၂)ရက်နေ့
ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသိပံ္ပဦးစီးဌာန၊ ဆေးဝါးတက္ကသိုလ် မန္တလေးတွင် ၂၀၁၂ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ နှင့် ဒီဇင်ဘာလများ အတွင်း ကျင်းပ စစ်ဆေးခဲ့သည့် စတုတ္ထနှစ် ဆေးဝါးသိပံ္ပ ပညာ (၁/၂၀၁၂) သင်တန်း၊ အတန်းတင် စာမေးပွဲ၏ ဖြေဆို အောင်မြင်သူများ အတွက် ဧကဒသမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို မန္တလေး တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမ၌ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီတွင် အကြို လေ့ကျင့်၍ ၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment