Pages

Thursday, January 17, 2013

(၁၁)ကြိမ်မြောက် ဟင်းသီးဟင်းရွက် သစ်သီးဝလံ ပန်းမန်ပြပွဲ ပြိုင်ပွဲ ကျင်းပမည်



မန္တလေး ၊ ၁၇-၁-၂၀၁၃

(၁၁)ကြိမ်မြောက် ဟင်းသီးဟင်းရွက် သစ်သီးဝလံ ပန်းမန်ပြပွဲ ပြိုင်ပွဲ အား မန္တလေးမြို့ ၊ ကန်တော်ကြီး လူထု အပန်းဖြေ ဥယျာ်တွင် ဖေဖော်ဝါရီ ၁၂ ရက်မှ စတစ်၍ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲ ၀င်လိုသူများ သည် ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံ ၊ ပန်းမန် များအား ကန်တော်ကြီး လူထု အပန်းဖြေ ဥယျာဉ် ကွပ်ကဲရေးရုံးသို့ ဖေဖော်ဝါရီ ၁၁ ရက် ၊ ညနေ ၄ နာရီ အရောက် ပေးပို့ ယှဉ်ပြိုင် နိုင်ပြီး ပြိုင်ပွဲ အမျိုးအစား များတွင် ပန်းအလှ ပြုပြင်ခြင်း ပြိုင်ပွဲ ၊ ပန်းအလှပင် ပြိုင်ပွဲ ၊ အရွက်အလှပင် ပြိုင်ပွဲ ၊ ပြည်တွင်း သစ်ခွ ၊ ပြည်ပ သစ်ခွ ၊ နှင်းဆီပင် အမျိုးမျိး ၊ သစ်သီးဝလံ အခိုင်လိုက် ပြိုင်ပွဲ ၊ သစ်သီးပုံဖော် အလှပြင် ပြိုင်ပွဲ ၊ သစ်သီးပြိုင်ပွဲ ၊ ဟင်းသီးဟင်းရွက် အရွက်ပြိုင်ပွဲ ၊ ဟင်းသီးဟင်းရွက် အထုပ်ပြိုင်ပွဲ အစရှိသည့် ပြိုင်ပွဲ အမျိုးအစား ၂၂ မျိုး ပါဝင်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment