Pages

Thursday, January 17, 2013

သမိုင်းဝင် " ပါလျှံ " မြို့ဝင်တံခါးဟောင်း ပြန်လည် ပြုပြင်ခြင်း



ကျိုင်းတုံ ၊ ၁၇-၁-၂၀၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံမြို့ ၊ အမှတ်(၂) ရပ်ကွက် အတွင်းရှိ ရှေးဟောင်း သမိုင်းဝင် " ပါလျှံ " မြို့ဝင် တံခါးဟောင်းအား ၁၆-၁-၂၀၁၃ ရက်နေ့တွင် ပြန်လည် ပြုပြင် မွမ်းမံခြင်း လုပ်ငန်းအား ဆောင် ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ မြို့အ၀င်တံခါး ပြုပြင်ခြင်း အား ဒေသခံ ရပ်မိရပ်ဖ အကျိုးဆောင် ဦးလုံးဆိုင်လန်း နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့က ဦးဆောင်၍ ရှေးမူမပျက် ပြန်လည် ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ကျိုင်းတုံမြို့ ၊ ရှေးဟောင်း သုတေသန ဦးစီးဌာနမှ မတည်ငွေ ကျပ် ၁၀ သိန်း ၊ ဒေသခံ ပြည်သူများ၏ ထည့်ဝင်ငွေ ကျပ်သိန်း ၅၀ ၊ စုစုပေါင်း ငွေကျပ်သိန်း ၆၀ ဖြင့် ရှေးမူ လက်ရာမပျက် ပြန်လည် မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပြီး တာဝန်ရှိ သူများမှ ကြပ်မတ်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment