Pages

Sunday, January 13, 2013

ဒဂုံရွှေအောင်လံ ဆုရှင် သုံးဦးနှင့် ထိုးသတ်မည့် မြန်မာ-ထိုင်း ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကြီး မကြာမီ ကျင်းပမည်

လက်ဝှေ့ စိန်ခေါ်ပွဲကြီး မကြာမီ ကျင်းပမည် ဇန်န၀ါရီလ(၁၃)ရက်နေ့ အားကစားဝန်ဘကီးဌာန၊ မြန်မာနိုင်ငံ ရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်မှ ကြီးမှူးပြီး H & S Group မှ စီစဉ် ကျင်းပသည့် မြန်မာနှင့် ထိုင်း ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကြီး Imperial the Spirt of Myanmar MYANMAR Vs THAILAND LETWHAY COMPETITION FIGHTS ကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့ နေ့လည် ၂ နာရီတွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ သိမ်ဖြူလမ်းရှိ သိမ်ဖြူ အားကစား ခန်မ၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။ အဆိုပါ စိန်ခေါ်ပွဲသည် မြန်မာ့ လက်ဝှေ့ အကျော် အမော်နှင့် ထိုင်း လက်ဝှေ့ အကျော် အမော် သုံးတွဲတို့ ယှဉ်ပြိုင် ထိုးသတ် ကြမည့် အပြင် ပြည်တွင်း စိန်ခေါ်ပွဲ ငါးပွဲပါ ပါဝင် ထိုးသတ် ကြမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကို မည်သည့် ရုပ်သံလွှင့် ဌာနကမှ Live/ Delay ထုတ်လွှင့် ပြသမည် မဟုတ်ကြောင်း သိရသည်။ ရု့ဝင် လက်မှတ်ခ များကို ကျပ် တစ်သောင်း ငါးထောင်၊ ကျပ် တစ်သောင်း နှစ်ထောင် နှင့် ကျပ်ရှစ်ထောင် ဟူ၍ သတ်မှတ်ထားပြီး ကြိုတင် လက်မှတ် ၀ယ်ယူလိုသူ များအနေဖြင့် ``ဇော်´´ ပစ်တိုင်းထောင် (ဗီဒီယို)၊ အမှတ်(၁၈၀) မြေညီထပ်၊ ၃၅ လမ်း အလယ်၊ ကျောက်တံတား မြို့နယ်သို့ လည်းကောင်း၊ ဖုန်း ၀၁-၂၄၉၁၁၇၊ ၀၉၄၉၂၄၅၅၀၅ နှင့် ၀၉၄၂၅၀၂၃၇၉၉ တို့သို့ လည်းကောင်း ဆက်သွယ် စုံစမ်း ၀ယ်ယူကာ ကြည့်ရှု နိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

No comments:

Post a Comment