Pages

Sunday, January 13, 2013

ကမ္ဘာ့နိုင်ငံပေါင်း ၂၂၀ မှ မြန်မာနိုင်ငံသို့ တိုက်ရိုက် လျင်မြန်စွာ မိနစ်ပိုင်း အတွင်း ငွေလွှဲ ပေးပို့ နိုင်တော့မည်

ကမ္ဘာ့နိုင်ငံပေါင်း ၂၂၀ မှ မြန်မာနိုင်ငံသို့ တိုက်ရိုက် လျင်မြန်စွာ မိနစ်ပိုင်း အတွင်း ငွေလွှဲ ပေးပို့ နိုင်တော့မည် ဇန်န၀ါရီလ(၁၃)ရက်နေ့ သမ၀ါယမဘဏ် လီမိတက် CB Bank နှင့် အမေရိကန် နိုင်ငံမှ ကမ္ဘာ့ငွေလွှဲ ကုမ္ပဏီကြီး ဖြစ်သည့် Western Union Company တို့ ပူးပေါင်း၍ ကမ္ဘာ့နိုင်ငံ အရပ်ရပ်တွင် ရောက်ရှိ နေသော မြန်မာ နိုင်ငံသား များ မြန်မာနိုင်ငံရှိ မိသားစုများ ထံသို့ လွယ်ကူ လျင်ြ
မန်စွာ စိတ်ချစွာဖြင့် ငွေလွှဲပို့နိုင်ရန် ရည်ရွယ် ပြုလုပ်သည့် စာချုပ် ချုပ်ဆိုပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ လသာမြို့နယ်၊ ကမ်းနားလမ်းရှိ သမ၀ါယမဘဏ် လီမိတက် ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။ သမ၀ါယမဘဏ် လီမိတက် သည် နိုင်ငံတကာ ငွေလွှဲ လုပ်ငန်း Global Money Transfer ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်မှုနှင့် ခွင့်ပြုချက် များဖြင့် ဆောင်ရွက် လျက်ရှိပြီး ယခုအခါ အမေရိကန် နိုင်ငံမှ ကမ္ဘာ့ငွေလွှဲ ကုမ္ပဏီဖြစ်သည့် Western Union Company ဖြင့် ချိတ်ဆက် စာချုပ် ချုပ်ဆို၍ ကမ္ဘာ့ နိုင်ငံပေါင်း ၂၂၀ မှ မြန်မာနိုင်ငံသို့ တိုက်ရိုက် လျင်မြန်စွာ မိတစ်ပိုင်း အတွင်း ငွေလွှဲ ပေးပို့ နိုင်တော့မည် ဖြစ်သည်။ ယင်း ငွေလွှဲမှုများအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့မှ စတင်၍ စမ်းသပ် ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ CB Bank ၏ ဘဏ်ခွဲများ အားလုံးတွင် ငွေလွှဲ ထုတ်ယူနိုင်ရန် စီစဉ် ထားရှိ ကြောင်း သိရှိရသည်။

No comments:

Post a Comment