Pages

Friday, January 11, 2013

မဟာဗောဓိတထောင် အတွင်းရှိ ဇမ္ဗူတောင်တွင် နဂါးရုံဘုရားကြီး တည်ဆောက်လျက်ရှိ

မဟာဗောဓိတထောင် အတွင်းရှိ ဇမ္ဗူတောင်တွင် နဂါးရုံဘုရားကြီး တည်ဆောက်လျက်ရှိ ဇန်န၀ါရီလ(၁၁)ရက်နေ့
စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ မဟာဗောဓိတထောင် နာယက ဆရာတော်ကြီး ငါးပါးနှင့် အမှုဆောင် ကော်မတီ အဖွဲ့ဝင်များမှ အများပြည်သူ ကောင်းမှုဖြင့် မဟာဗောဓိ တထောင် အတွင်းရှိ ဇမ္ဗူတောင်တွင် မဟာဗောဓိတထောင် ဆရာတော် ဘုရားကြီး၏ အထိမ်း အမှတ်အဖြစ် နဂါးရုံ ဘုရားကြီးကို တည်ဆောက်လျက် ရှိကြောင်း သိရှိရသည်။ အဆိုပါ နဂါးရုံဘုရားကြီးကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က အုတ်မြစ်ချ စတင် တည်ဆောက်ခဲ့ရာ ယနေ့တွင် အခြေခံအုတ်မြစ် တည်ထားပြီး ဖြစ်သည်။ ယင်းသို့ တည်ဆောက် လျက်ရှိသော နဂါးရုံဘုရားကြီး ကို နဂါးအခွေ အမြင့် ၃၆ ပေ၊ နဂါးခေါင်း ၃၆ ပေ၊ ဘုရားဥာဏ်တော် ၃၆ ပေ၊ နဂါးရုံဘုရား အမြင့် ၁၀၈ ပေနှင့် ဘုရား ပရ၀ုဏ် ပေ ၁၀၀ ပတ်လည်ဖြင့် တည်ထားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment