Pages

Friday, January 11, 2013

မြစ်ကြီးနားမြို့တွင် မြင့်မိုရ်မင်္ဂလာအဖွဲ့ ပထမအကြိမ် စာပေဟောပြောပွဲ ကျင်းပမည်

မြစ်ကြီးနားမြို့တွင် မြင့်မိုရ်မင်္ဂလာအဖွဲ့ ပထမအကြိမ် စာပေဟောပြောပွဲ ကျင်းပမည် ဇန်န၀ါရီလ(၁၁)ရက်နေ့
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စေတနာရှင် စီးပွားရေး လုပ်ငန်းရှင်များ စုပေါင်း ဖွဲ့စည်းထားသော မြင့်မိုရ်မင်္ဂလာအဖွဲ့မှ မြစ်ကြီးနားမြို့အတွင်း ပထမအကြိမ် စာပေ ဟောပြောပွဲ တစ်ရပ်ကို မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်၊ ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း တွင် ဇန်န၀ါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။ လူငယ်လူရွယ်များ စာပေ ဗဟုသုတများ ရရှိစေခြင်း အကျိုးငှာ စာပေ ဟောပြောပွဲကို ကျင်းပပေးခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ စာပေ ဟောပြောပွဲသို့ စာရေးဆရာ နေ၀င်းမြင့်၊ ဆရာ ကျော်ရင်မြင့်၊ ဆရာ ညီပုလေး နှင့် ဆရာ ပန်းဒကာ ကိုတင်မြင့် တို့က သိမှတ်ဖွယ်ရာ စာပေ ဗဟုသုတများကို ဆွေးနွေး ဟောပြော ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment