Pages

Saturday, January 26, 2013

မြန်မာနိုင်ငံတွင် Bard Liberal Arts College ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်



ရန်ကုန် ၊ ၂၆-၁-၂၀၁၃

အမေရိကန် ပြည်ထောင်စုရှိ နာမည်ကျော် Liberal Arts College တစ်ခုဖြစ်သော Bard Liberal Arts College သည် မြန်မာနိုင်ငံတွင် လာရောက် ဖွင့်လှစ် နိုင်ရန် ရက်သတ္တပတ် အတွင်းက မြန်မာနိုင်ငံ သို့ လာရောက် လေ့လာခဲ့ပြီး ပညာရေး နယ်ပယ်ရှိ လူပုဂ္ဂိုလ်များ ၊ အဖွဲ့အစည်း များနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစီအစဉ် ညှိနှိုင်းမှုများ အဆင်ပြေ ပါက ၂၀၁၃ ခုနှစ် အတွင်း ကျောင်းသားများ စတင် လက်ခံနိုင်ရန် ရည်မှန်းထားပြီး ကျောင်းတည်နေရာ နှင့် ကျောင်းဖွင့်ခွင့် လိုအပ် နေကြောင်း သိရသည်။ ယင်းကောလိပ်တွင် ဘာသာရပ် အားလုံး နီးပါး တက်ရောက် သင်ယူနိုင်ပြီး လေးနှစ် တက်ရောက် ပြီးပါက နိုင်ငံတကာရှိ တက္ကသိုလ် များနည်းတူ ဒီဂရီ အဆင့်တူ ရရှိမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင် လေးနှစ် တက်ရောက် ရာတွင် ပထမနှစ်တွင် မြန်မာလို နှင့် အင်္ဂလိပ်လို ရောနှော သင်ကြားမည် ဖြစ်ပြီး နောက်ထပ် နှစ်နှစ်တွင် အင်္ဂလိပ်လို သင်ကြား မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment