(၁၁၇)ကြိမ်မြောက် မေတ္တာဗျူဟာအဖွဲ့ သွေးလှူဒါန်းပွဲ ကျင်းပမည်
ဒီဇင်ဘာ(၁၄)ရက်နေ့
မေတ္တာဗျူဟာအဖွဲ့၏ (၁၁၇)ကြိမ်မြောက် မေတ္တာ သွေးလှူပွဲကို ဒီဇင်ဘာ ၁၆ ရက် နံနက် ၈ နာရီခွဲတွင် ဗိုလ်တထောာင် စေတီတော်၊ ဆိပ်ကမ်း ဓမ္မာရုံကြီး၌ ကျင်းပမည်ဖြစ်သည်။ ၁၉၈၇ ခုနှစ် ဧပြီလမှစ၍ လေးလလျှင် တစ်ကြိမ် ဧပြီ၊ သြဂုတ်၊ ဒီဇင်ဘာ ပထမပတ် (သို့မဟုတ်) ဒုတိယပတ် တနင်္ဂနွေ နေ့တိုင်း ဗိုလ်တထောင် စေတီတော်၊ ဆိပ်ကမ်း ဓမ္မာရုံကြီး ၌ ပုံမှန် ကျင်းပခဲ့သည်။ ပြီးခဲ့သည့် (၁၁၆)ကြိမ်ထိ သွေးပုလင်း ပေါင်း ၂၄၀၂၂ ပုလင်း လှူဒါန်းခဲ့ပြီး သွေးလှူဒါန်း လိုသည့် မေတ္တာရှင် များကို ဖိတ်ခေါ်ထား ကြောင်း သိရှိရသည်။
No comments:
Post a Comment