Pages

Friday, December 14, 2012

၂၀၁၃ ဇန်န၀ါရီလ ပထမပတ် အတွင်း ဘရာဇီးလ် နိုင်ငံထုတ် လေယာဉ် အသစ် ရောက်ရှိမည်

၂၀၁၃ ဇန်န၀ါရီလ ပထမပတ် အတွင်း ဘရာဇီးလ် နိုင်ငံထုတ် လေယာဉ် အသစ် ရောက်ရှိမည် ဒီဇင်ဘာ(၁၄)ရက်နေ့ ပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာ့လေကြောင်း မှ သက်တမ်းရင့် လေယာဉ်များ နေရာတွင် လေယာဉ်သစ် များဖြင့် အစားထိုး ပျံသန်း ပြေးဆွဲရန် ဆောင်ရွက် လျက်ရှိရာ ပြည်ပမှ ၀ယ်ယူ ထားသော ဘရာဇီးလ်နိုင်ငံ ထုတ် လေယာဉ်သစ်မှာ ၂၀၁၃ ဇန်န၀ါရီ ပထမပတ် အတွင်း ရောက်ရှိမည် ဖြစ်ကြောင်း၊ အဆိုပါ လေယာဉ်သစ် မှာ ဘရာဇီးလ် နိုင်ငံထုတ် EMBRAER 190 ကုမ္ပဏီမှ ထုတ်လုပ်သော လေယာဉ် များဖြစ်ပြီး မြန်မာ့လေကြောင်း ခရီးစဉ်များတွင် ပြေးဆွဲဖို့ မှာယူထား ခြင်း ဖြစ်သည်ဟု သိရသည်။ မှာယူထားသော လေယာဉ်များထဲမှ ပထမအစင်းမှာ ယခုနှစ် ဒီဇင်ဘာ တတိယပတ် အတွင်း ရောက်ရှိလာမှာ ဖြစ်ပြီး ဒုတိယအစင်းမှာ ၂၀၁၃ ဇန်န၀ါရီလ အတွင်း ရောက်ရှိလာနိုင်ဖွယ် ရှိသည်ဟု လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။ ၄င်းလေယာဉ်သစ် ၂ စင်းမှာ ပြည်တွင်းမှ အိန္ဒိယနိုင်ငံ ရှိ ဗုဒ္ဓဂါယာ နှင့် ထိုင်း နိုင်ငံရှိ ချင်းမိုင်မြို့ တို့သို့ ပျံသန်း ပြေးဆွဲမှုများ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment