Pages

Friday, December 7, 2012

မိုးစပါးစံကွက် ကသာမြို့နယ်တွင် ရိတ်သိမ်း

ဒီဇင်ဘာ(၇)ရက်နေ့ အထွက်နှုန်းများ မှန်ကန်စွာ သိရှိနိုင်စေရန် မိုးစပါး စံကွက် ရိတ်သိမ်းပွဲကို နိုဝင်ဘာလ ၃၀ ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်၊ ကျန်တော ကျေးရာအုပ်စု၊ ကွင်းအမှတ် ၇၁၅ ၊ ဦးပိုင် အမှတ် ၆/၁ ရှိ တောင်သူ ဦးသန်းဦး စိုက်ပျိုးထားသည့် ဧရာမင်း စပါးမျိုး (ကောင်း) အဆင့်အတန်း ရှိ မိုးစါပး ၃.၈ ဧက အား စံကွက်တွင် ကျင်းပရာ ကသာခရိုင် အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ခရိုင်မြေစာရင်း ဦးစီးမှူး ဦးမြင့်သိန်း၊ ခရိုင် စိုက်ပျိုးရေး ဦးစီးမှူး ဦးအောင်မြင့် နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ များ၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း၊ မြို့နယ် မြေစာရင်း ဦးစီးမှူး ဦးစောသီဟ၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်ခင်မြတ်မိုး နှင့် ဌာနဆိုင်ရာ များ၊ စိုက်ပျိုးရေး ၀န်ထမ်းများ တက်ရောက် ကြသည်။ စံကွက် ရိတ်သိမ်းပွဲ တွင် ဒေသခံ တောင်သူ လယ်သမား များ နှင့် စိုက်ပျိုးရေး ၀န်ထမ်းများ မှ စုပေါင်း ရိတ်သိမ်း ကြပြီး ချွေလှေ့ရာ တစ်ဧက ၉၆.၁၆ တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment