Pages

Friday, December 7, 2012

မြောင်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ (၂၀)လီတာဆန့် ရေဗူးများနှင့် သောက်ရေခွက်များ ပေးအပ်လှူဒါန်း

ဒီဇင်ဘာ(၇)ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျန်းမာရေး နှင့် ညီညွတ် သည့် သန့်ရှင်း သော သောက်သုံး ရေ သုံးစွဲနိုင်ရန်အတွက် အလှူရှင် ဒေါက်တာ ခင်မောင် (မန္တလေး ကလေး ဆေးရုံအုပ်- ငြိမ်း) ဇနီး ဒေါ်ညိုညို မိသားစုမှ ၂၀ လီတာဝင် ရေဗူး ၁၄၀ ဗူးနှင့် ရေခွက် ၁၄၀ ခွက်တို့ အား ထောက်ပံ့ လှူဒါန်းပွဲကို နိုဝင်ဘာ ၃၀ ရက်နေ့ နံနက် ၉ နာရီက မြောင်မြို့ အခြေခံ ပညာ အထက်တန်း ကျောင်းရုံးတွင် ကျင်းပရာ ကျောင်းအုပ် ဆရာကြီး ဦးကြည်တင် နှင့် ဆရာ၊ ဆရာမများ၊ အလှူရှင် မိသားစုများ တက်ရောက် ကြသည်။ အခမ်း အနားတွင် အလှူရှင် ဒေါက်တာ ခင်မောင် မှ ကျောင်းအုပ် ဆရာကြီး ဦးကြည်တင် ထံသို့ လှူဒါန်း ပစ္စည်းများ ပေးအပ်ပြီး အလှူရှင် ဒေါက်တာ ခင်မောင် မှ မြို့နယ် အတွင်းရှိ အခြေခံပညာ မူတန်း ကျောင်းများမှ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီး များထံသို့ ဆက်လက် လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါ ၂၀ လီတာဝင် ရေဗူးများနှင့် သောက်ရေ ခွက်များအား မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း ကျောင်း ၁၄ ကျောင်းနှင့် အခြေခံ ပညာ အထက်တန်း ကျောင်း ၁ ကျောင်းသို့ ဖြန့်ဝေ ပေးခဲ့ ကြောင်းနှင့် အလှူရှင် မိသားစု ကလည်း မြို့နယ် အတွင်းရှိ ကျန်ရှိသော ကျောင်းများသို့ ဆက်လက်လှူဒါန်း သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment