Pages

Thursday, December 6, 2012

ထိုင်းဘုရင်မင်းမြတ်မွေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနား ကျင်းပ

ဒီဇင်ဘာလ(၆)ရက်နေ့ ထိုင်းနိုင်ငံဘုရင်မင်းမြတ် ဘူမိဘောအဒူရာဒတ် ၏ (၈၅)နှစ်မြောက် မွေးနေ့နှင့် အမျိုးသားနေ့ အထိမ်း အမှတ် ဧည့်ခံပွဲ အခမ်းအနား ကို ယနေ့ည ၇ နာရီတွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ ထိုင်းသံရုံး၌ ကျင်းပ ပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် ၊ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး နှင့် တပ်မတော် အရာရှိကြီး များ ရန်ကုန်မြို့ရှိ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီး များ၊ သံရုံး ယာယီ တာဝန်ခံ များ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂ ဆိုင်ရာ အဖွဲ့အစည်းများမှ ဌာနေ ကိုယ်စားလှယ် များနှင့် တာဝန်ရှိသူ များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြ သည်။ ဧည့်ခံပွဲသို့ တက်ရောက် လာသော တပ်မတော် အရာရှိကြီး များ၊ ဧည့်သည်တော် များအား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်း သံအမတ်ကြီး H.E. Mr. Pisanu Suvanajata နှင့် ကြည်း၊ ရေ၊ လေ စစ်သံမှူး တို့က ကြိုဆို နှုတ်ဆက် ကြပြီး ညစာ စားပွဲဖြင့် တည်ခငုး ဧည့်ခံခဲ့ ကြောင်း သိရှိရ ပါသည်။

No comments:

Post a Comment