Pages

Thursday, December 6, 2012

မိုးကုတ်ဝါပဿနာ၏ (၉၈)ကြိမ်မြောက် အထူးတရားပွဲကျင်းပမည်

မိုးကုတ်ဝါပဿနာ၏ (၉၈)ကြိမ်မြောက် အထူးတရားပွဲကျင်းပမည် ဒီဇင်ဘာ(၆)ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မိုးကုတ် ၀ိပဿနာ ဓမ္မရိပ်သာ၏ ဒွါသဿမ နှစ်(၉၈)ကြိမ်မြောက် အထူးတရားပွဲ ၁၅ ရက်စခန်းအား ၁၃၇၄ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၃ ရက်မှ နတ်တော်လဆန်း ၁၂ ရက်အထိ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်မှ ၂၅ ရက်နေ့အထိ နေ့စဉ် နံနက် ၄ နာရီမှ ည ၈ နာရီခွဲအထိ တစ်နေ့လျှင် ၁၂ ကြိမ် သိလပေး၊ အလုပ်ပေး၊ တရားရှုမှတ်၊ စင်္ကြ လမ်းလျှောက်၊ မိုးကုတ် ဆရာတော် ဘုရားကြီး တရားအသံများ ရှုမှတ်ရမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အထူးတရားပွဲ ၁၅ ရက်တန်းတွင် ရန်ကုန်မြို့ရှိ မိုးကုတ် ၀ိပဿနာ အဖွဲ့ချုပ်မှ ဆရာတော် ဘဒ္ဒန္တ ခေမာစာရ (ဓမ္မာစရိယ) ကမ္မဌာနာစရိယမှ ခန္ဓာ ဥာဏ်ရောက် (ပဋိစ္စသမုပ္ပါဒ်) သီလပေး၊ အလုပ်ပေး၊ တရားရှုမှတ် နည်းများကို ဟောကြား ပြသပေးမည် ဖြစ်ကြောင်း၊ ထိုအထူးတရား စခန်းပွဲသို့ ရဟန်း ၁၀ ပါး၊ အမျိုးသား ယောဂီ ၃၀ ဦး၊ အမျိုးသမီး ယောဂီ ၅၀ ဦး၊ စုစုပေါင်း ၁၀၀ ဦးတို့ ၀င်ရောက်မည် ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment