Pages

Thursday, December 13, 2012

မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်) သက်ကြီး ဆရာဝန်ကြီးများ ပူဇော်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်) သက်ကြီး ဆရာဝန်ကြီးများ ပူဇော်ပွဲ ကျင်းပမည် ဒီဇင်ဘာ(၁၃)ရက်နေ့ မြန်မာနိုင်ငံ ဆရာဝန်အသင်း(ရန်ကုန်)၏ အကြိမ် (၃၀)မြောက် သက်ကြီး ဆရာဝန်ကြီးများ ပူဇော် ကန်တော့ပွဲ ကို ဒီဇင်ဘာ ၁၅ ရက် (စနေနေ့) မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့၊ မင်္ဂလာ တောင်ညွန့် မြို့နယ်၊ သိမ်ဖြူလမ်း အမှတ် ၂၄၉ ရှိ မြန်မာနိုင်ငံ ဆရာဝန် အသင်း ခန်းမတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ ပူဇော် ကန်တော့ခံယူ ရန်အတွက် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် အသက် ၇၅ နှစ် ပြည့်ပြီး သော ဆရာဝန်ကြီး၊ ဆရာဝန်မကြီး များ အားလုံး ကြွရောက် ကြပါရန် ဖိတ်ကြား ထားကြောင်း သိရှိရသည်။

No comments:

Post a Comment