Pages

Thursday, December 13, 2012

5th Anniversary of Now! Cultural Journal အထိမ်းအမှတ်ပွဲကျင်းပ

ဒီဇင်ဘာ(၁၃)ရက်နေ့ ဖက်ရှင်အလှအပနှင့် အနုပညာရေးရာကို အပတ်စဉ် တင်ဆက်ပေးနေသော Now! Cultural Journal ရဲ့ (၅)နှစ်ပြည့် အထိမ်းအမှတ်ပွဲကို မန္တလေးမြို့၏ ဒိုင်းမွန်းပလာဇာ Sky Hall မှာ ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၄ နာရီခွဲမှ စတင်ကာ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပွဲတွင် မန်းရွှေမြို့တော်ရဲ့ နာမည်ကျော် မိတ်ကပ် ဘိုဘိုနီ (မိုးကုတ်)ရဲ့ ပြင်ဆင် ခြယ်သမှုနဲ့ နာမည်ကြီး ဖက်ရှင် ဒီဇိုင်နာ များဖြစ်ကြ သည့် နန္ဒရန်နောင်၊ မျိုးမင်းစိုး၊ ဇေဇေ တို့ရဲ့ ဖက်ရှင် ဒီဇိုင်းဆန်းများကို Star & Model Int'1 မှ မော်ဒယ်လေးများက ၀တ်ဆင် ပြသခဲ့ပြီး ဖက်ရှင်ရှိုးနှင့် အတူ လွှမ်းပိုင်၊ Ar T ၊ စန္ဒီမြင့်လွင်၊ အေသင်ချိုဆွေ၊ Body Shade နှင့် Bee Position တို့ကလည်း တေးသီချင်းများနဲ့ ဖျော်ဖြေခဲ့ကြောင်း၊ ၄င်းအပြင် စီးပွားရေးလုပ်ငန်း ကုမ္ပဏီ များမှ တန်ဖိုးကြီး ဆုမဲများ ပါဝင်တဲ့ ကံစမ်းမဲ ကိုလည်း ပွဲလာ ပရိသတ်များ ရင်ခုန် ပျော်ရွှင်စွာ ကံစမ်း ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment