Pages

Monday, November 19, 2012

ပဲခူးမြို့နယ်အတွင်း PCO ဖုန်း အသုံးပြုသူများ အခက်တွေ့နေ




ပဲခူး ၊ ၁၉-၁၁-၂၀၁၂

ပဲခူးတိုင်း ဒေသကြီး (အရှေ့)တွင် ပြည်သူများ တစ်နေရာနှင့် တစ်နေရာ ဆက်သွယ်မှု လွယ်ကူ ချောမွေ့ စေရန် တိုင်းဒေသကြီး ၊ မြန်မာ့ ဆက်သွယ်ရေးမှ PCO အများသုံး တယ်လီဖုန်း အလုံး ၃၀၀၀ ကျော် ကို ၂၀၁၀ ခုနှစ်တွင် ဖြန့်ဝေ ငှားရမ်း ပေးခဲ့ပြီး ပဲခူးမြို့နယ်၌ ၁၇၁ လုံး လက်ရှိ သုံးစွဲလျက် ရှိကြောင်း သိရသည်။

ဖုန်းငှားရမ်း အသုံးပြုခကို နိုင်ငံတော် အတွက် ငွေကျပ် တစ်သိန်း ၊ တိုင်းဒေသကြီး ၊ မြန်မာ့ဆက်သွယ်ရေး အတွက် ငွေကျပ် နှစ်သောင်း ၊ စုစုပေါင်း ငွေကျပ် ၁၂၀၀၀၀ ပေးသွား ရသည့်အပြင် လစဉ် ၀န်ဆောင်ခ ငွေကျပ် ၁၀၀၀ ၊ နှစ်စဉ်ကြေး ငွေကျပ် ၁၅၀၀ ၊ သုံးစွဲသည့် Bill အပေါ် ၁၀ ရာခိုင်နှုန်း လစဉ် ပေးသွင်း ရလျက် ရှိကြောင်း သိရသည်။

PCO ဖုန်း ငှားရမ်း သုံးစွဲနေသူ များသည် Bill စနစ်မှ ကြိုတင် ငွေဖြည့်ကတ် သုံးစွဲသည့် စနစ်ပြောင်းလဲ သတ်မှတ် ပေးသည့် အတွက် ၀မ်းမြောက် ၀မ်းသာ ရှိနေစဉ် နိုဝင်ဘာ ၁၅ ရက် ၊ နံနက်ပိုင်းမှ စတင်၍ မြန်မာ့ ဆက်သွယ်ရေး မှ ဖုန်းလိုင်း လုံးဝဖြတ်တောက် လိုက်ပြီး နောက်ထပ် ငွေကျပ် တစ်သိန်း နှင့် လစဉ်ကြေး မေလ မှ စက်တင်ဘာလ ထိ တစ်လလျှင် ငွေကျပ် ၅၀၀၀ ၊ ၀န်ဆောင်ခ ငွေကျပ် ၅၀၀ ၊ စုစုပေါင်း (၅)လ အတွက် ငွေကျပ်  ၂၇၅၀၀ ၊ အောက်တိုဘာလမှ နိုဝင်ဘာလ အထိ လစဉ်ကြေး နှင့် ၀န်ဆောင်ခ တစ်လလျှင် ငွေကျပ် ၃၅၀၀  ဖြင့် နှစ်လအတွက် ငွေကျပ် ၇၀၀၀ တို့ ပေးသွင်း မှသာလျှင် ဖုန်းလိုင်းများ ပြန်လည် ဖွင့်ပေးမည် ဖြစ်ကြောင်း သိရှိရသဖြင့် PCO ဖုန်း ငှားရမ်း လုပ်ကိုင် နေသူများ အခက်တွေ့ နေကြောင်း သိရှိရသည်။

No comments:

Post a Comment