Pages

Monday, November 19, 2012

မြန်မာနိုင်ငံသို့ အမေရိကန် နိုင်ငံသား ၂၀၀၀ ခန့်လာမည်




ရန်ကုန် ၊ ၁၉-၁၁-၂၀၁၂

လာမည့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ ခရီးစဉ်အတွက် အမေရိကန် နိုင်ငံသား ၂၀၀၀ ခန့် လာရောက် စာရင်း ပေးသွင်း ထားကြောင်း အမေရိကန် ခရီးသွား ၀န်ဆောင်မှု ကုမ္ပဏီ Grand Circle မှ ဥက္ကဋ္ဌ မစ္စတာ အလန်လူးဝစ် က ထုတ်ဖော် ပြောကြားကြောင်း သိရသည်။

မြန်မာနိုင်ငံ ခရီးစဉ် အတွက် အဆိုပါ ကုမ္ပဏီက အသေးစား ဇိမ်ခံ သင်္ဘောဖြင့် ခရီးသည်များကို ပို့ဆောင်ပေးမည် ဖြစ်ကြောင်း ၊ (၁၅)ရက် ကြာမည့် ခရီးစဉ် အတွက် တစ်ရက် ဒေါ်လာ ၂၂၀ ဖြင့် ဖြစ်စေ ၊ ခရီးစဉ် တစ်ခုလုံး အတွက် ဒေါ်လာ ၃၂၉၅ ဖြင့်ဖြစ်စေ သတ်မှတ် ထားကြောင်း ၊ ခရီးသည် အများစုမှာ အသက် ၅၀ အထက်များကြောင်း ၊ မြန်မာနိုင်ငံ တွင် အံ့ချီးဖွယ်ရာ စေတီပုထိုးများ ၊ ခြေတစ်ဖက် တည်းဖြင့် လှေလှော်သည့် အင်းသားများ ၊ ရေပေါ်အိမ် ၊ ရေပေါ် စိုက်ခင်းများ ၊ တိုင်းရင်းသား မျိုးနွယ်စုများ ၏ ရှေးဟောင်း လူနေမှု ဘ၀များနှင့် ရိုးရာ ယဉ်ကျေးမှု များကို လေ့လာ ကြည့်ရှုရန် ယခုကဲ့သို့ လာရောက် လည်ပတ်ခြင်း ဖြစ်ကြောင်း မစ္စတာ အလန်လူးဝစ် က ဆက်လက် ပြောကြားကြောင်း သိရှိရသည်။

No comments:

Post a Comment