Pages

Wednesday, November 28, 2012

MPU ( Myanmar Payment Union )ကတ်များ စတင် အသုံးပြုနိုင်




ရန်ကုန် ၊ ၂၈-၁၁-၂၀၁၂

စားသောက်ဆိုင်များ ၊ ဘဏ်များ ၊ ဈေးဝယ် စင်တာ ကုန်တိုက်များ အစရှိသည့် MPU ကွန်ရက် နေရာ အားလုံးတွင် ငွေသား ကိုင်တွယ် အသုံးပြုမှု အစား ကတ်ပြားငယ် တစ်ပြားကိုသာ ကိုယ်တွယ် အသုံးပြု နိုင်မည့် MPU ကတ်များကို စတင် အသုံးပြု နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ထိုသို့ အသုံးပြု ရာတွင် ၀ယ်ယူ အသုံးပြုသူ များအနေဖြင့် MPU ကတ် အသုံးပြုခ အဖြစ် ငွေကြေး တစ်စုံတစ်ရာ ပေးချေရန် မလိုဘဲ ၀ယ်ယူသည့် ပစ္စည်း တန်ဖိုး၏ တစ်ရာခိုင်နှုန်း ကို ရောင်းချသည့် ဆိုင်မှ ပေးချေရမည် ဖြစ်ကြောင်း သိရသည်။

MPU ကွန်ရက်နှင့် ချိတ်ဆက် ထားသော ဘဏ် ၁၇ ဘဏ်ရှိပြီး အဆိုပါ ဘဏ်များနှင့် ချိတ်ဆက်ထားသော စားသောက်ဆိုင် နှင့် ဈေးဝယ်စင်တာ အားလုံးတွင် အသုံးပြု နိုင်ပြီး MPU ကွန်ရက်နှင့် ချိတ်ဆက်ထားသော ဘဏ်များမှာ မြန်မာ့ စီးပွားရေးဘဏ် ၊ မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ် ၊ မြန်မာ့ ရင်းနှီး မြှုပ်နှံမှု နှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ် ၊ မြန်မာ နိုင်ငံသားများဘဏ် ၊ မြ၀တီဘဏ် ၊ မြန်မာ့ အရှေ့တိုင်းဘဏ် ၊ ထွန်း ဖောင်ဒေးရှင်းဘဏ် ၊ ကမ္ဘောဇဘဏ် ၊ မြန်မာ့ မွေးမြူရေး နှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် ၊ အင်းဝဘဏ် ၊ သမ၀ါယမဘဏ် ၊ အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ် ၊ ဧရာဝတီဘဏ် ၊ မြန်မာ့ ရှေ့ဆောင်ဘဏ် ၊ ယူနိုက်တက် အမရဘဏ် ၊ စည်ပင် သာယာရေးဘဏ် နှင့် မြန်မာ့ စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ် တို့ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment