Pages

Wednesday, November 28, 2012

ပထမအကြိမ် သွားဘက်ဆိုင်ရာ ဆေးပညာာ နှီးနှောဖလှယ်ပွဲ ကျင်းပ




ရန်ကုန် ၊ ၂၈-၁၁-၂၀၁၂

ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆရာဝန်အသင်း နှင့် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ၊ ဝေ့ဌာနဆေးရုံ သွားဘက်ဆိုင်ရာ ဌာနတို့ ပူးပေါင်း၍ သွားဘက် ဆိုင်ရာ ဆေးပညာ နှီးနှော ဖလှယ်ပွဲကို နိုဝင်ဘာ ၂၅ ရက်က ရန်ကုန်မြို့ လမ်းမတော် မြို့နယ်ရှိ UMFCCI အသင်းချုပ်၌ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ခေတ်မီ တိုးတက် နေသည့် ကုထုံးများကို လေ့လာ နိုင်ကြခြင်းဖြင့် မြန်မာနိုင်ငံ သွားဘက်ဆိုင် ရာ ဆေးပညာ အဆင့်အတန်း မြင့်မား လာစေရန် ရည်ရွယ်၍ ကျင်းပသော အဆိုပါ ဆေးပညာ နှီးနှော ဖလှယ်ပွဲတွင် ထိုင်းနိုင်ငံမှ သွားဘက်ဆိုင်ရာ ပညာရှင် ၃ ဦးတို့က သွားအမြစ် အစားထိုး ကုသခြင်း ( Implant Surgery Update ) နှင့် သွားပြုပြင် ထိန်းသိမ်းခြင်း ပညာ ( Cosmetic Dentistry Update ) တို့ကို ဟောပြော ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment