Pages

Tuesday, November 27, 2012

တပ်မတော် ဆေးတပ်ဖွဲ့မှ မီးဘေးသင့် လူနာများအား ဆက်လက် ဆေးကုသ ဆောင်ရွက်ပေး



မုံရွာ ၊ ၂၇-၁၁-၂၀၁၂

အမျိုးသား ကျန်းမာရေး အား အထောက်အကူ ဖြစ်စေရန် အတွက် အနောက်မြောက် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုဖြင့် နေပြည်တော် ၊ ရန်ကုန်မြို့ နှင့် မုံရွာမြို့ တို့ရှိ တပ်မတော် ဆေးရုံများမှ ဆရာဝန်များ ၊ အထက်တန်း သူနာပြု များသည် ကန့်ဘလူမြို့ ပြည်သူ့ ဆေးရုံ (ခုတင် -၁၀၀)၌ နိုဝင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့ ဆေးရုံမှ တာဝန်ရှိ ဆရာဝန်များ ၊ သူနာပြု ဆရာမ များနှင့်အတူ မီးဘေးသင့် လူနာ များအား ဆက်လက်၍ ဆေးဝါး ကုသမှုများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ မီးဘေးသင့် လူနာများအား နိုဝင်ဘာ ၂၅ ရက်တွင် (၂၅)ဦး အားလည်းကောင်း ၊ နိုဝင်ဘာ ၂၆ ရက်တွင် (၂၄)ဦး အားလည်းကောင်း ဆေးဝါး ကုသ ဆောင်ရွက် ပေးလျက် ရှိပြီး ဆေးရုံ အုပ်ကြီးနှင့် ဆရာဝန်များ ၊ သူနာပြုများက နံနက်ပိုင်းတွင် မုန့်ဟင်းခါး များဖြင့် ကျွေးမွေး ဧည့်ခံ ခဲ့ကြောင်း သိရှိရသည်။



No comments:

Post a Comment