Pages

▼

Tuesday, November 27, 2012

ဟိုတယ်လုပ်ငန်း ဆိုင်ရာ သင်တန်းကျောင်း ဖွင့်လှစ်မည်



မန္တလေး ၊ ၂၇-၁၁-၂၀၁၂

အရည်အချင်း ပြည့်ဝသော ၀န်ထမ်းများ ပိုမို ပေါ်ပေါက် လာစေရေး ရည်ရွယ်၍ မန္တလေးမြို့ ၊ နိုင်ငံတကာ အဆင့် မန္တလေး ဟိုတယ် နှင့် လုပ်ငန်းခွင် သင်တန်းကျောင်း ကို ဒီဇင်ဘာ လဆန်းတွင် စတင်ပြီး အမှတ် (၂၀၈) ၊ ၇၃ လမ်း ၊ ၃၅ x ၃၆ လမ်းကြား တွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ဟိုတယ် နှင့် ပတ်သက်သော သင်တန်းများ ၊ ဘာသာ စကားသင်တန်း များ ၊ နိုင်ငံတကာ အဆင့်မီ သင်ရိုးညွှန်းတမ်း များအတိုင်း နိုင်ငံတကာ အတွေ့အကြုံ ရှိသူ ဆရာများ ကိုယ်တိုင် စာတွေ့ လက်တွေ့ စနစ်တကျ သင်ကြား ပို့ချ ပေးမည် ဖြစ်သည်။ သင်တန်း ပြီးဆုံးပါက အာဆီယံ (၁၀)နိုင်ငံ အတွင်းရှိ တက္ကသိုလ် ကောလိပ်များတွင် Diploma နှင့် ဘွဲ့သင်တန်းများ ဆက်လက် တက်ရောက် နိုင်သော ASEAN Level I, II လက်မှတ်များ ရရှိမည် ဖြစ်သည်။ သင်တန်း ပြီးဆုံးပါက ပြည်တွင်း ၊ ပြည်ပရှိ ဟိုတယ်များနှင့် ကုမ္ပဏီ များတွင် အလုပ်ဝင်ရန် အတွက် စီစဉ် ဆောင်ရွက် ပေးမည် ဖြစ်ပြီး အသေးစိတ် သိရှိလိုပါက ဖုန်း ၀၂- ၃၂၄၅၂ ၊ ၀၉- ၄၀၂၇ ၁၅ ၂၆၉ သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment