Pages

Saturday, November 17, 2012

ဥပဒေအသိပညာကို တစ်နေရာတည်းတွင် အခမဲ့ လေ့လာနိုင်တော့မည်



ရန်ကုန် ၊ ၁၇-၁၁-၂၀၁၂

ဒီမိုကရေစီ နိုင်ငံတော်သစ် ဖော်ဆောင် နေသည့် ကာလတွင် နိုင်ငံတော်၏ တရား ဥပဒေ စိုးမိုးရေးသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက် ရှိရာ လူတိုင်း ဥပဒေ အသိပညာ လွယ်ကူစွာ ဆည်းပူး လေ့လာနိုင် စေရန် ရည်ရွယ်၍ ဥပဒေ စာကြည့်တိုက်ကို ရန်ကုန်တိုင်း ဒေသကြီး ၊ ကျောက်တံတား မြို့နယ် ၊ ဆိပ်ကမ်းသာ လမ်းနှင့် ဗိုလ်ချုပ် လမ်းထောင့်ရှိ အေးရှား ပလာဇာ ဈေးဝယ် စင်တာ ၌ လာမည့် ဒီဇင်ဘာ ၁ ရက်နေ့တွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း အဆိုပါ စာကြည့်တိုက် ဖွင့်လှစ်ရေး အဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ စာကြည့်တိုက်တွင် ပြစ်မှုဆိုင်ရာ ဥပဒေ (ရာဇသတ်ကြီး) ၊ ကျင့်ထုံး ဥပဒေများ ၊ သက်သေခံ ဥပဒေများ ၊ တရားမ ကျင့်ထုံး အဆိုအမိန့်များ ၊ ရင်းနှီး မြှပ်နှံမှု ဆိုင်ရာ ဥပဒေများ ၊ စီရင်ထုံးများ နှင့် ပတ်သက်သော စာအုပ်များ ၊ ၀ါရင့် ဥပဒေ ပညာရှင်များ၏ ပြုစု ရေးသားချက် ၊ ကောက်နုတ်ချက် စာအုပ်များ ၊ တရားရုံး များ၏ အမိန့်ချ ဆုံးဖြတ်ချက် အမှုတွဲများ နှင့် ပညာပေး ရှောင်ရန် ၊ ဆောင်ရန် စာအုပ်များ ကို မည်သူမဆို တစ်နေရာတည်း တွင် အခမဲ့ လာရောက် လေ့လာ ဖတ်ရှုနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment