Pages

Saturday, November 17, 2012

အရှေ့ကြို့ကုန်း နှင့် အနောက်ကြို့ကုန်း လမ်းဆုံ ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွား




ရန်ကုန် ၊ ၁၇-၁၁-၂၀၁၂

ရန်ကုန်တိုင်း ဒေသကြီး ၊ အင်းစိန် မြို့နယ် ၊ ကျောက်တော်ကြီး ဘုရားအနီး ရန်ကုန် - အင်းစိန် လမ်းမကြီး ဖြတ်သန်းရာ အရှေ့ ကြို့ကုန်းလမ်း နှင့် အနောက် ကြို့ကန်းလမ်း ဆုံရာ လမ်းဆုံတွင် မကြာခဏ ယာဉ်တိုက်မှုများ ဖြစ်ပေါ်လျက် ရှိရာ " လူကူးမျဉ်းကြား နှင့် အချက်ပြ မီးပွိုင့် တစ်ခု တပ်ဆင် ထားသင့်ကြောင်း " တာဝန်သိ ပြည်သူ တစ်ဦးက ပြောကြားကြောင်း သိရသည်။

နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ရန်ကုန် - အင်းစိန် လမ်းမကြီး အတိုင်း မြောက်မှ တောင် သို့ မောင်းနှင်လာသော ၈င/၁၇၂၅ ကင်တာ အမျိုးအစား မော်တော်ယာဉ် က အနောက် ကြို့ကုန်း လမ်းမှ အနောက်မှ အရှေ့သို့ မောင်းနှင် လာသော ထော်လာဂျီအား အဆိုပါ လမ်းဆုံ အရောက်တွင် တိုက်မိပြီး အရှိန်မထိန်း နိုင်ဘဲ အရှေ့ ကြို့ကုန်း လမ်းထိပ်ရှိ အနှေးယာဉ် (ဆိုက်ကား) ကိုပါ ဆက်တိုက် တိုက်မိကြောင်း သိရသည်။

အဆိုပါ ဖြစ်ပွားမှု နှင့် ပတ်သက်၍ ယာဉ်ပေါ် စီးနင်း လိုက်ပါ သူများ ထိခိုက် ဒဏ်ရာ မရှိခဲ့ သော်လည်း ကင်တာ အမျိုးအစား မော်တော်ယာဉ်မှာ ရှေ့ဘန်ဘာ (ရှဲလ်) များ ပြုတ်ကျ ပြီး ထော်လာ ဂျီမှာ ရှေ့ညာ ဘက် ဘီးဝင်ရိုး (အေဆယ်တန်း) ကျိုးကျ၍ ဆိုက်ကားမှာ ဘေးတွဲဘီး လိပ်ခွင်၍ စမုတ်များ ပျက်စီး သွားခဲ့ကြောင်း တွေ့ရှိရသည်။ ယင်း ယာဉ်မတော်တဆ တိုက်မှုနှင့် ပတ်သက်၍ တာဝန်ရှိ သူမျာအား အချိန်နှင့် တစ်ပြေးညီ အကြောင်းကြား ဆောင်ရွက်ထား ကြောင်း သိရှိရသည်။

No comments:

Post a Comment