Pages

Thursday, November 1, 2012

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တန်ချိန် ၆ သိန်းကျော် တင်ပို့နိုင်




ရန်ကုန် ၊ ၁-၁၁-၂၀၁၂

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံသို့ ဆန်တင်ပို့ လျက်ရှိရာ ၂၀၁၂ ခုနှစ် ၊ ဧပြီလ မှ အောက်တိုဘာလ အထိ ၆ လတာ ကာလအတွင်း ဆန်တန်ချိန် ၆ သိန်းကျော် တင်ပို့ နိုင်ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ဆန်တင်ပို့မှုကို ယခုနှစ် ဘဏ္ဍာရေးနှစ် ဧပြီလ မှ အောက်တိုဘာလ အထိ ဆန်တန်ချိန် ၆၄၅၀၀၀ ကျော် တင်ပို့နိုင်ပြီး တင်ပို့မှုမှာ နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၂၄၈ ဒသမ ၉၁၈ သန်း ရရှိခဲ့ရာ ပျမ်းမျှ တစ်ပတ်လျှင် ဆန်တန်ချိန် ၁၇၀၀ နီးပါး တင်ပို့ ထားကြောင်း သိရသည်။ ၄င်းအပြင် ဆန်ကွဲ တင်ပို့မှုမှာ အဆိုပါ ၆ လတာ ကာလအတွင်း တန်ချိန် ၅၈၉၀၀ တန်ရှိပြီး တင်ပို့ကုန် ရငွေ အမေရိကန် ဒေါ်လာ ၁၇ ဒသမ ၇၀၇ သန်း ရရှိခဲ့ကြောင်း သိရသည်။

ပြည်တွင်းမှ ဆန်တင်ပို့ရာတွင် အဓိက အားဖြင့် နယ်စပ် ကုန်သွယ်ရေး စခန်းများမှ တရုတ်နိုင်ငံသို့ တင်ပို့ပြီး ဖိလစ်ပိုင် နှင့် အင်ဒိုနီးရှား နိုင်ငံ တို့သို့ တင်ပို့ကြောင်း သိရသည်။ တင်ပို့သည့် ဆန်အမျိုးအစားမှာ ဧည့်မထ ၂၅ မှတ်တန် နှင့် ငစိန်ဆန် တို့ ဖြစ်ကြောင်း သိရသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှု တန်ချိန် ၇၉၀၀၀၀ ကျော် ရှိခဲ့ပြီး ပို့ကုန်ရငွေ အမေရိကန် ဒေါ်လာ ၃၀၈ ဒသမ ၅၇ သန်း ရရှိခဲ့ပြီး ဆန်ကွဲ တင်ပို့မှု တန်ချိန် ၅၃၀၀၀ ကျော်နှင့် ပို့ကုန်ရငွေ ၁၆ ဒသမ ၀၄၉ သန်း ရရှိခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment