Pages

Thursday, November 1, 2012

မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်မှု


ကလော ၊ ၃၁-၁၀-၂၀၁၂

မိုးရာသီ ကုန်ဆုံးတဲ့ကာလ ရောက်ရှိလာပြီဖြစ်တဲ့အတွက် ဈေးသူ ဈေးသားများ မီးအန္တရာယ် သတိရှိစေရေး နှိုးဆော်ဖို့နဲ့ မီးဘေး အန္တရာယ် ကြုံတွေ့လာပါက လက်ဦးမှုရယူ ငြှိမ်းသတ် နိုင်ဖို့အတွက် ကလော စည်ပင်နဲ့ မြို့နယ် မီးသတ်တပ်ဖွဲ့ တို့ရဲ့ ပူးပေါင်း စီစဉ်မှုအရ ကလောမြို့မဈေးမှာ မီးဘေး လုံခြုံရေး ဇာတ်တိုက် လေ့ကျင့်မှုကို ယနေ့ နေ့လယ်(၁)နာရီမှာ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပေါင်ဒါခြောက် Dry Powder မီးသတ်ဆေးဗူး အသုံးပြုပုံကို ရှင်းလင်းပြသခဲ့ပြီး ဈေးသူ ဈေးသားများအား လက်တွေ့ မီးငြှိမ်းသတ် ဆောင်ရွက်စေ ခဲ့ကြောင်း သိရသည်။


ဈေးသူဈေးသားတစ်ဦး လက်တွေ့လေ့ကျင့်နေပုံ



ယင်းနောက် မီးသတ် တပ်ဖွဲ့ဝင်များ ၊ ဈေးအရန် မီးသတ် တပ်ဖွဲ့ဝင်များနဲ့ တာဝန်ရှိသူများက မီးသတ်ကားနဲ့ အပေါ့စား မီးသတ်စက် များနဲ့ ဈေးအတွင်း သရုပ်ပြ မီးငြိမ်းသတ်မှုကို လေ့ကျင့် ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။



လေ့ကျင့်ဆောင်ရွက် မီးဘေးကာကွယ်ရေးအတွက်

http://www.patheincity.blogspot.com/2012/10/demostration-and-drill-for-fire-fighting.html

No comments:

Post a Comment