Pages

Thursday, November 8, 2012

ဧရာဝဏ် နှင့် ရတနာ အိမ်ရာစီမံကိန်းနှစ်ခု ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်မည်




ရန်ကုန် ၊ ၈-၁၁-၂၀၁၂

ဆောက်လုပ်ရေး ၀န်ကြီးဌာန ၊ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနက ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တွင် ဧရာဝဏ်အိမ်ရာ စီမံကိန်း နှင့် ရတနာ အိမ်ရာစီမံကိန်း နှစ်ခု ဆောက်လုပ် သွားမည် ဖြစ်ရာ အရစ်ကျ စနစ်ဖြင့် အမှန်တကယ် နေထိုင်သူများသို့ ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

ဧရာဝဏ် စီမံကိန်းမှာ မြေဧက ၁၀၂ ဒသမ ၄ ဧကပေါ်တွင် ရှစ်ခန်းတွဲ ကိုးထပ်တိုက် (၄၃)လုံး ၊ ခြောက်ခန်းတွဲ ကိုးထပ်တိုက် (၂၁)လုံး နှင့် လေးခန်းတွဲ (၁၂)ထပ်တိုက် (၁၀)လုံး တည်ဆောက် သွားမည် ဖြစ်သည်။

ရတနာအိမ်ရာ စီမံကိန်းမှာ မြေဧက ၁၀၇ ဒသမ ၇ ဧကပေါ်တွင် ရှစ်ခန်းတွဲ ကိုးထပ်တိုက် (၄၆)လုံး ၊ ခြောက်ခန်းတွဲ ကိုးထပ်တိုက် (၃၃)လုံး နှင့် လေးခန်းတွဲ (၁၂)ထပ်တိုက် (၁၃)လုံး တည်ဆောက် သွားမည် ဖြစ်သည်။ အဆိုပါ အိမ်ရာ စီမံကိန်း များတွင် ပန်းခြံ ၊ အားကစားကွင်း ၊ အပန်းဖြေ စခန်း ၊ လမ်းနှင့် ရေမြောင်း စနစ် ၊ ဟိုတယ် ၊ စူပါမားကတ် ၊ ကျောင်း ၊ ဆေးခန်း ၊ ဓမ္မာရုံ ၊ ရပ်ကွက်ရုံးများ ပါဝင်မည် ဖြစ်သည်။ တိုက်ခန်း ဈေးနှုန်းကို တန်ဖိုးနည်း ၊ တန်ဖိုးလတ် ၊ တန်ဖိုးမြင့် ခွဲခြားထားပြီး (၁၀)နှစ်မှ နှစ်(၃၀)ထိ အရစ်ကျ ငွေချေစနစ် ဖြင့် တိုက်ခန်းခ ဈေးနှုန်းအား အခြေပြု တွက်ချက် ထားရာ တန်ဖိုးနည်း တိုက်ခန်း အတွက် လစဉ်ကျပ် (၄၀၀၀၀) ၀န်းကျင်သာ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

စီမံကိန်း ကာလ ၃ နှစ်သတ်မှတ် ထားရာ စီမံကိန်း ပြီးစီးပါက အမှန်တကယ် အိမ်ပိုင် မရှိဘဲ နေထိုင်မည့် သူများကိုသာ ၀န်ကြီးဌာန မူဝါဒနှင့် အညီ စနစ်တကျ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment