Pages

Thursday, November 8, 2012

အနှေးယာဉ် ဆိုက်ကားများ အငြိမ်းစားယူပြီ




မြစ်ကြီးနား ၊ ၈-၁၁-၂၀၁၂

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့တွင် ယခင် လွန်ခဲ့သော ဆယ်စုနှစ် ကျော်ခန့်က အနှေးယာဉ် ဆိုက်ကားကို မြို့တွင် သွားလာရေး ယာဉ်အဖြစ် အသုံးပြု များခဲ့သော်လည်း ယခုအချိန်တွင် အဆိုပါ အနှေးယာဉ် ဆိုက်ကားများမှာ မြစ်ကြီးနား မြို့နေ ပြည်သူများ၏ အငြိမ်းစား အနားပေးခြင်းကို ခံယူနေရပြီး အရှုံးခံ ရောင်းချမှုများ ရှိသော်လည်း ၀ယ်မည့်သူ မရှိဖြစ်နေကြောင်း သိရသည်။

မြစ်ကြီးနား မြို့တွင် ယခင်က မှတ်ပုံတင် လိုင်စင်ရှိ အနှေးယာဉ် ဆိုက်ကား သန့်သန့် တစ်စီးလျှင် ငွေကျပ် တစ်သိန်း ၀န်းကျင် တွင်ရှိသော်လည်း သုံးဘီး ဆိုင်ကယ် နှင့် ဆိုင်ကယ် ကယ်ရီများ အစားထိုး ၀င်ရောက် လာမှုများကြောင့် အနှေးယာဉ် ဆိုက်ကားများမှာ နေရာ မရနိုင်ဘဲ အုံနာကြေး ကျပ် ၃၀၀ မှ ကျပ် ၅၀၀ အတွင်း ပေးနိုင်ရန် အလွန်ခက်ခဲ နေပြီး ယခုကဲ့သို့ ရောင်းချ ရခြင်း ဖြစ်ကြောင်း နှင့် ယခု ရောင်းဈေးမှာ ကျပ် ၃၀၀၀၀ ၀န်းကျင်သာ ရောင်းဈေး ရှိကြောင်း အနှေးယာဉ် လုပ်သားကြီး တစ်ဦးထံမှ သိရှိရသည်။

No comments:

Post a Comment