Pages

Friday, November 16, 2012

အိမ်ရာ နေထိုင်မှု နှင့် ကားပြပွဲ ပြုလုပ်မည်



ရန်ကုန် ၊ ၁၆-၁၁-၂၀၁၂

Smart Business Group မှ ကြီးမှူး ကျင်းပသော အိမ်ရာ နေထိုင်မှု နှင့် ကားပြပွဲကြီး ( Yangon Auto and Living Show ) ကို ရန်ကုန်တိုင်း ၊ ဒဂုံမြို့နယ် ၊ ဦးဝိစာရလမ်း ရှိ မိုင်ဒါကွင်း (မြို့မကွင်း) ၌ နိုဝင်ဘာ ၂၅ ရက်မှ ၂၈ ရက်နေ့ အထိ ၄ ရက်ကြာ ပြသမည် ဖြစ်ကြောင်း သိရသည်။



အဆိုပါ ပြပွဲတွင် အိမ်ဆောက် ပစ္စည်း များနှင့် အိမ်တွင်း အလှဆင် ပစ္စည်းများ ၊ အီလက် ထရောနစ် လျှပ်စစ် ပစ္စည်းများ ၊ အိမ်ရာ အရောင်း ပြခန်းများ ၊ ပြည်တွင်း ပြည်ပ ဆေးဝါးများ အပြင် ကား အရောင်း ပြ ခန်းများ ၊ ကားအလှဆင် ပစ္စည်းများ ၊ ကားအော်ဒီယို နှင့် ဆက်စပ် ပစ္စည်းများ ၊ ကားအပို ပစ္စည်းများ ပါဝင် ပြသမည် ဖြစ်ကြောင်း Smart Business Group မှ တာဝန်ခံ တစ်ဦးက ပြောကြားကြောင်း သိရှိရသည်။

No comments:

Post a Comment