Pages

Friday, November 16, 2012

လွှတ်တော်မှာ ဆွေးနွေးရမယ့် ကချင် ငြိမ်းချမ်းရေး


၁၆-၁၁-၂၀၁၂

ကျွန်တော်တို့ နိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနဲ့ ပြည်နယ် ၊ တိုင်းဒေသကြီး အဆင့် ၊ ပြည်ထောင်စု အဆင့်တွေ ဆွေးနွေး နေကြလို့ ငြိမ်းချမ်းရေး အာရုဏ်ဦး နဲ့အတူ တည်ငြိမ် အေးချမ်းမှု ၊ ဘက်စုံ ဖွံ့ဖြိုးမှု အလင်းရောင်စဉ် တွေ လွှမ်းခြုံ နေတာကြောင့် တိုင်းရင်းသား ပြည်သူတွေ ၀မ်းသာ ကြည်နူးမှုကို ခံစား နေရပေမယ့် ကချင် ပြည်နယ်သား ကျွန်တော်တို့ တတွေကတော့ ခုချိန်ထိ စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေ ခံစား နေရဆဲပါပဲ။

အစိုးရနဲ့ ကေအိုင်အို ဆွေးနွေးတဲ့ သတင်းကြား ရလို့ ၀မ်းသာလိုက် ၊ ဘာမှ အဖြေ မထွက်ဘဲ ပြီးသွား လို့ မျှော်လင့်ချက် ဆုံးရှုံးလိုက် နဲ့ အကြိမ်ကြိမ် အခါခါ  ခံစား နေရတာ များလှပါပြီ။ တစ်ခြား တိုင်း ရင်းသား အဖွဲ့အစည်း တွေနဲ့ အပစ်ရပ်ပြီး ဆွေးနွေး ကြပေမယ့် ကေအိုင်အေ ၊ ကေအိုင်အို က အပစ်မရပ် ဘူး ၊ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမယ်လို့ ပြောတယ်။ တွေ့ဆုံတော့လည်း သမိုင်း နောက်ပြန် လျှောက် ပြီး ဘာအဖြေမှ ထွက်မလာတာ စိတ်ပျက်စရာ အဖြစ်တွေပါ။

ဒီမိုကရေစီ နိုင်ငံတော်မှာ မတူညီတဲ့ အမြင်တွေကို ဆွေးနွေး အဖြေရှာ ရမယ့် အချိန်မှာ လက်နက်ကိုင် တိုက်ခိုက်မှု တွေကြောင့် ကျွန်တော်တို့ ကချင် ပြည်နယ် အတွင်းက တိုင်းရင်းသားတွေ အားလုံး စားဝတ်နေရေး ၊ ပညာရေး ၊ ကျန်းမာရေး ပြဿနာတွေ ၊ သေကြေ ပျက်စီးမှု ဒုက္ခတွေကို ခံစား နေကြ ရပါတယ်။ ဒီလို ဒုက္ခခံ နေရတဲ့ ကျွန်တော်တို့ တွေအတွက် အဓိက လိုအပ်တာက ငွေကြေး အထောက်အပံ့ ၊ စားနပ် ရိက္ခာ ပစ္စည်း အထောက်အပံ့ တွေ မဟုတ်ပါဘူး။ ထာဝရ ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ဆိုတာ ကချင် တိုင်းရင်းသား တစ်မျိုးတည်း နေထိုင်တာ မဟုတ်ပါဘူး။ ကချင် ပြည်နယ်ရဲ့ ကံကြမ္မာကို ကေအိုင်အေ ၊ ကေအိုင်အို တစ်ဖွဲ့တည်းရဲ့ သဘောထား ရပ်တည်ချက် သက်သက်နဲ့ ဖန်တီး မယ် ဆိုတာကလည်း ကချင် ပြည်နယ် အတွင်းမှာ ရှိတဲ့ တိုင်းရင်းသား တွေရဲ့ ဆန္ဒကို လျစ်လှူရှု ထားပြီး ယခု ကျင့်သုံးနေတဲ့ ဒီမိုကရေစီ ကျင့်စဉ်နဲ့လည်း မညီညွတ်တာ ထည့်သွင်း စဉ်းစားဖို့ လိုအပ်ပါတယ်။

တိုင်းရင်းသား အားလုံး စုပေါင်း နေထိုင်ကြတဲ့ ကချင် ပြည်နယ် အတွင်းမှာ စစ်မှန်တဲ့ ထာဝရ ငြိမ်းချမ်းရေး ရရှိဖို့ အတွက် ပြည်သူ့ ကိုယ်စားလှယ် တွေ ပါဝင်တဲ့ လွှတ်တော် အစည်းအဝေး တွေမှာ ကျယ် ကျယ် ပြန့်ပြန့် ဆွေးနွေး အဖြေရှာဖို့ တောင်းဆို လိုက်ပါတယ်။ ဒီမိုကရေစီ ကျင့် စဉ်တွေ အောင်မြင်စွာ ကျင့်သုံးနိုင်ဖို့ ကချင်ပြည်နယ် ငြိမ်းချမ်းရေး အောင်မြင်စေဖို့ ကချင်ပြည်နယ် အတွင်းက တိုင်းရင်းသား အားလုံးရဲ့ အခွင့်အရေး တွေ အပြည့်အ၀ ပြန်လည် ရရှိစေဖို့ အတွက် ပြည်သူ လူထုရဲ့ ကိုယ်စားလှယ်များ တက်ရောက်နေတဲ့ လွှတ်တော် အသီးသီးမှာ -

ပြည်သူ့အသံ - လွှတ်တော်အသံ
ပြည်သူ့ဆန္ဒ - လွှတ်တော်ဆန္ဒ
ပြည်သူတို့ မျှော်လင့်ချက် - လွှတ်တော်က ဖော်ဆောင်ရွက် .... လို့ ဆောင်ပုဒ်တွေ ဖော်ပြ နေမယ့် အစား ကချင် ပြည်နယ်မှာ နေထိုင်ကြတဲ့ ကချင် ၊ ရှမ်း ၊ ဗမာ စတဲ့ တိုင်းရင်းသား တွေရဲ့ ဆန္ဒဖြစ်တဲ့ ငြိမ်းချမ်း လုံခြုံစွာ နေထိုင်ရေး လွှတ်တော်က ဆောင်ရွက် ပေးဖို့ အရေးကြီး လိုအပ်နေ ပါတယ်လို့ တင်ပြလိုက် ပါတယ်။

http://pyichit-thar.blogspot.com/2012/11/blog-post_16.html

No comments:

Post a Comment