Pages

Tuesday, November 13, 2012

မဲခေါင်ဒေသ ဉာဏ်ရည်မမီသူများ ဘောလုံးပြိုင်ပွဲ ရန်ကုန်မြို့၌ ကျင်းပမည်



ရန်ကုန် ၊ ၁၃-၁၁-၂၀၁၂

မြန်မာနိုင်ငံ လုံးဆိုင်ရာ ဉာဏ်ရည်မမီ သူများ အားကစား ပြိုင်ပွဲအား ၂၀၁၂ ခုနှစ် ၊ နိုဝင်ဘာလ ၁၅ ရက် နှင့် ၁၆ ရက်တွင် ရန်ကုန်မြို့ ၊ အောင်ဆန်း အားကစား ပြိုင်ဝင်း၌ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ၄င်းပြိုင်ပွဲတွင် တစ်နိုင်ငံလုံးရှိ ဉာဏ်ရည် မမီသူ အားကစား သမားများ လာရောက် ယှဉ်ပြိုင် ကြမည် ဖြစ်သည်။ ပြိုင်ပွဲဝင် အားကစား နည်းများမှာ ပြေးခုန်ပစ် ၊ ဘိုချီ ၊ ငါးယောက် တစ်ဖက် ဘောလုံး ပြိုင်ပွဲ နှင့် ဆော့ဖ်ဘောပစ် ပြိုင်ပွဲ တို့အား အသက် (၈)နှစ် နှင့် အထက် ဉာဏ်ရည် မမီသူများ ပါဝင် ယှဉ်ပြိုင် ကြမည် ဖြစ်ပြီး ၄င်းတို့၏ စွမ်းဆောင် နိုင်သော စွမ်းရည် အလိုက် အဆင့်ခွဲ၍ ပြိုင်ပွဲ ပြုလုပ် သွားမည် ဖြစ်သည်။ အဆိုပါ ဉာဏ်ရည် မမီသူများ အားကစား ပြိုင်ပွဲကို ၂၀၀၄ ခုနှစ်မှ နှစ်စဉ် ကျင်းပ လာခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ်မှ သိရသည်။

အလားတူ မြန်မာနိုင်ငံ၌ ကျင်းပ ပြုလုပ်မည့် မဲခေါင်ဒေသ ဉာဏ်ရည်မမီ သူများ၏ ငါးယောက် တစ်ဖက် ဘောလုံး ပြိုင်ပွဲကို နိုဝင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တွင် အောင်ဆန်း အားကစား ပြိုင်ဝင်း၌ ကျင်းပ ပြုလုပ် သွားမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး အတွက် ယနေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ ၊ အမျိုးသား အားကစား ပြိုင်ပွဲရုံ (၁)၌ ညှိနှိုင်း အစည်းအဝေး ပြုလုပ် ခဲ့သည်။ ပြိုင်ပွဲသို့ ကမ္ဘောဒီးယား နိုင်ငံ ၊ ထိုင်းနိုင်ငံ ၊ ဗီယက်နမ် နိုင်ငံ ၊ လာအို နိုင်ငံ အသင်း များနှင့် အိမ်ရှင်မြန်မာ မှ ၂ သင်း ပါဝင် ယှဉ်ပြိုင်မည် ဖြစ်သော်လည်း ယခုအခါ လာအို နိုင်ငံ အသင်းမှာ အကြောင်းကြာင်းကြောင့် ၀င်ရောက် ယှဉ်ပြိုင်ခြင်း မပြုတော့ ကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။

No comments:

Post a Comment