Pages

Tuesday, November 13, 2012

ASIAN YOUTH AND JUNIOR WEIGHTLIFTING CHAMPIONSHIP-2012 နောက်ဆုံး ဗိုလ်လုပြိုင်ပွဲ နှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ


ရန်ကုန် ၊ ၁၃-၁၁-၂၀၁၂

မြန်မာနိုင်ငံတွင် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသည့် ASIAN YOUTH AND JUNIOR WEIGHTLIFTING CHAMPIONSHIP-2012 ၏ နောက်ဆုံး ဗိုလ်လုပွဲ နှင့် ဆုပေးပွဲ အခမ်းအနား များကို ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ၊ သိမ်ဖြူ အားကစား ခန်းမတွင် ဆက်လက် ကျင်းပရာ အမျိုးသမီး (၅၈) ၊ (၆၃) ၊ (၆၉) ကီလိုတန်း ပြိုင်ပွဲ ၊ အမျိုးသား (၈၅) ၊ (၉၄) ကီလိုတန်း ပြိုင်ပွဲ ၊ အမျိုးသမီး (၇၅) နှင့် (+၇၅) ကီလိုတန်း ပြိုင်ပွဲ ၊ အမျိုးသား (၁၀၅) နှင့် (+၁၀၅) ကီလိုတန်း ပြိုင်ပွဲ ဗိုလ်လုပွဲများ ကျင်းပရာ ၄င်းပြိုင်ပွဲ အတန်း အသီးသီးတွင် ဆုရရှိ သူများအား မြန်မာနိုင်ငံ အလေးမ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသက်လင်း နှင့် ဒုတိယ ဥက္ကဋ္ဌများ ၊ အာရှ အလေးမ အဖွဲ့ချုပ် တို့မှ တာဝန်ရှိ သူများက ဆုများ အသိးသီး ပေးအပ် ချီးမြှင့်ကြသည်။

အထက်ပါ ပြိုင်ပွဲ၏ အမျိုးသား (၆၉) ကီလိုတန်း ပြိုင်ပွဲမှ Karar Mohamme Jawurd (IRQ) က World New Record နှင့် Asian new Record ဆု ။ အမျိုးသမီး (၅၈) ကီလိုတန်း ပြိုင်ပွဲမှ Suxiao Qiong (CHN) က (၂၀၅) ကီလိုဖြင့် Youth (Girl) Best Player ဆု ။ အမျိုးသား (၉၄) ကီလိုတန်း ပြိုင်ပွဲမှ Kydyrba, Ybu Zhasrlan (KAZ) က (၃၃၆) ကီလိုဖြင့် Junior (Men) Best Player ဆု ။ အမျိုးသား (၆၃) ကီလိုတန်း ပြိုင်ပွဲမှ Han So-Jin (KOR) က World new Record (JERK) နှင့် Asian new Record (JERK) ဆု  များကိုလည်းကောင်း ၊ Junior (Men) ဆုနှင့် Youth (boys) Team Qualification ဆုရရှိသော အသင်းများ အားလည်းကောင်း ၊ Junior (Women) နှင့် Youth (Girl) Team Qualification ဆုရရှိသော အသင်းများအား မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ အားကစား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းထိုက် ၊ မြန်မာနိုင်ငံ အလေးမ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသက်လင်း နှင့် ဒုတိယ ဥက္ကဋ္ဌ ၊ အာရှ အလေးမ အဖွဲ့ချုပ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များက ဆုများ အသီးသီး ပေးအပ် ချီးမြှင့် ခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment