Pages

Friday, November 23, 2012

မြန်မာနိုင်ငံသို့ ဂျပန်ခရီးသည် ၀င်ရောက်မှု ယမန်နှစ်ထက် နှစ်ဆတိုးလာ



ရန်ကုန် ၊ ၂၃-၁၁-၂၀၁၂

မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံမှ လာရောက်သည့် ခရီးသွား ဧည့်သည် အရေအတွက်မှာ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ကထက် ၂ဆ ခန့်ပိုများ လာကြောင်း ခရီးသွား အေဂျင်စီ များမှ သိရသည်။

ပြည်တွင်း စာရင်းအင်း စစ်တမ်း ကောက်ယူမှုအရ ယခု ၂၀၁၂ ခုနှစ် ၊ ဇန်န၀ါရီလ မှ ဇူလိုင်လအထိ ဂျပန်ခရီးသွား ဧည့်သည် ၁၁၉၈၃ ဦး မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့ပြီး ဖြစ်သည်။ ၂၀၁၁ ခုနှစ် က အဆိုပါ ၇ လအတွင်း ဂျပန် ခရီးသွား ဧည့်သည် ၅၅၃၇ ဦးသာ ၀င်ရောက်ခဲ့ကြောင်း သိရသည်။ သို့သော် အဆိုပါ ဂျပန် ခရီးသွား ဧည့်သည် အရေအတွက် မှာ ယခုနှစ် အတွင်း နိုင်ငံတကာ ခရီးသွား ဧည့်သည် ၀င်ရောက်မှု အရေအတွက်၏ ၅ ရာခိုင်နှုန်းသာ ရှိသေးကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ လောလောဆယ် ခရီးသွား ဧည့်သည် အများဆုံး လာရောက်သည့် နိုင်ငံမှာ ထိုင်းနိုင်ငံ ဖြစ်ပြီး ထိုင်းခရီးသည် ၃၆၀၆၉ ဦး အထိ ၀င်ရောက်ခဲ့ပြီး ဖြစ်သည်။ တရုတ်နိုင်ငံမှာ ၁၃၈၄၀ ဦး ၀င်ရောက်ပြီး ပြင်သစ်က ၁၃၄၈၈ ဦး ၀င်ရောက်ပြီး ဖြစ်သည်။ အဆိုပါ နိုင်ငံခြား ခရီးသွား ဧည့်သည်များ ကို မြန်မာနိုင်ငံ အတွင်း ငွေကြေး သုံးစွဲမှု အဆင်ပြေ စေရန်အတွက် Visa Card, Master Card များ သုံးစွဲနိုင်ရန် ဆောင်ရွက် ပေးခြင်းများ ၊ ဒေသတွင်း လေကြောင်းလိုင်းများ တိုးချဲ့ ပြေးဆွဲပေးခြင်း များနှင့် မြန်မာနိုင်ငံ ၏ စီးပွားရေး မြို့တော် ရန်ကုန်မြို့ နှင့် ကမ္ဘာလှည့်များ စိတ်ဝင်စားသည့် နန်းမြို့ဟောင်း မန္တလေးမြို့ များသို့ တိုက်ရိုက် ပျံသန်း ပြေးဆွဲပေးခြင်း တို့ကြောင့် ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်မှု မြင့်တက် လာခြင်း ဖြစ်ကြောင်း ခရီးသွား အေဂျင်စီများက သုံးသပ် ပြောကြားကြောင်း သိရှိရ သည်။

No comments:

Post a Comment