Pages

Friday, November 23, 2012

၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မြင့်တက်

ရန်ကုန် ၊ ၂၃-၁၁-၂၀၁၂


မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျော့ ပေးခြင်းနှင့် အစိုးရသစ်၏ နိုင်ငံရေး ၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုကြောင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ မြင့်တက် လျက်ရှိရာ ၂၀၁၂ ခုနှစ် ပထမ ၇ လအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာသန်း ၆၆၀ ခန့် ၀င်ရောက် လာကြောင်း စစ်တမ်းများ အရ သိရသည်။

မြန်မာနိုင်ငံအား နိုင်ငံတကာက ရင်းနှီးမြှုပ်နှံ သူများ အထူးစိတ်ဝင် စားလျက်ရှိရာ မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် ဒေါ်လာ ၃၆၆ ဒသမ ၅၉ သန်း ၊ လျှပ်စစ် ထုတ်လုပ်ရေး ကဏ္ဍတွင် ဒေါ်လာ ၁၉၃ ဒသမ ၇၇ သန်း ၊ ကုန်ပစ္စည်း ထုတ်လုပ်ရေး ကဏ္ဍတွင် ဒေါ်လာ ၇၂ ဒသမ ၃၃ သန်း နှင့် သတ္တု တူးဖော်ရေး ကဏ္ဍတွင် ဒေါ်လာ ၁၉ ဒသမ ၈၉ သန်းကို ၂၀၁၂ ခုနှစ် အတွင်း ရင်းနှီးမြှုပ်နှံ ခဲ့ကြောင်း ဗဟို စာရင်းအင်း ဌာနမှ ထုတ်ပြန်သော အချက်အလက် များအရ သိရသည်။

လာရောက် ရင်းနှီးမြှုပ်နှံ သည့် နိုင်ငံများတွင် တရုတ် နိုင်ငံက ပမာဏ အများဆုံးဖြစ်ပြီး စုစုပေါင်း ဒေါ်လာ ၁၉၂ ဒသမ ၅၂ သန်း ၊ ဗြိတိန် နိုင်ငံက ဒေါ်လာ ၁၃၈ ဒသမ ၅၉ သန်း နှင့် အိန္ဒိယနိုင်ငံက ဒေါ်လာ ၈၄ ဒသမ ၅ သန်း ရင်းနှီးမှု ပြုထားကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန် ကြေညာ ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကြောင့် နောက်ထပ် ရင်းနှီးမြှုပ်နှံမည့် စီးပွားရေး လုပ်ငန်းရှင်များ ၀င်ရောက် လာဖွယ် ရှိကြောင်း စီးပွားရေး ကျွမ်းကျင်သူများက သုံးသပ် ပြောကြားကြောင်း သိရှိရသည်။

No comments:

Post a Comment