Pages

Tuesday, November 6, 2012

တရုတ် - အာဆီယံ (မြန်မာ) ကုန်စည်ပြပွဲ ကျင်းပမည်




ရန်ကုန် ၊ ၆-၁၁-၂၀၁၂

၂၀၁၂ ခုနှစ် ၊ တရုတ် - အာဆီယံ (မြန်မာ) လူသုံးကန် ပစ္စည်းများ ကုန်စည်ပြပွဲကို ရန်ကုန်မြို့တပ်မတော် ခန်းမ၌ နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်ထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ယင်းကုန်စည် ပြပွဲအား တရုတ် နိုင်ငံခြား ကုန်သွယ်မှု ဂွမ်ချူးပြပွဲ အထွေထွေ ကော်ပိုရေးရှင်း China Foreign Trade Guangzhou Exhibition General Corp နှင့် ရှန်ကူပို့ကုန် ၊ သွင်းကုန် ကုန်သည်ကြီး များအသင်းတို့က ကြီးမှူး၍ NMT Ltd နှင့် မြန်မာ - တရုတ် ကုန်သည်ကြီးများ အသင်းတို့က စီစဉ် ဆောင်ရွက် ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကုန်စည် ပြပွဲတွင် စက်မှုဆိုင်ရာ ပစ္စည်းများ ၊ မော်တော်ဆိုင်ကယ် များ ၊ အိမ်အလှဆင် ပစ္စည်းများ ၊ မီးဆိုင်းကြီးများ ၊ ရုံးသုံး ပစ္စည်း ကိရိယာများ ၊ မီးဖိုချောင်သုံး ပစ္စည်းများ ၊ ပရိဘောဂများ ၊ စားသောက်ကုန် ပစ္စည်းများ ကို ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ ကုန်စည်ပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် စီးပွားရေး နှင့် ကူသန်း ရောင်းဝယ်ရေး ဆိုင်ရာ ကောင်စစ်ဝန်ရုံး ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် တို့က ကူညီပံ့ပိုး ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment